NewsPolitic

ပြည်သူ့စစ်မှုထမ်းဥပဒေ ဆက်လက် အကောင်ထည်ဖော်သွားမယ်လို့ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်ပြော

အာရက္ခတိုင်းမ်စ် (၁ ဩဂုတ် ၂၀၂၆)

ပြည်သူ့စစ်မှုထမ်းဥပဒေ ဆက်လက် အကောင်ထည်ဖော်သွားမယ်လို့ ရွေးတုအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ရွေးတုအစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က တပ်မတော်ကို ခေတ်မီ standard army ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမှာ ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ရေးအတွက် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်မှုထမ်းဥပဒေ ဆက်ရှိမယ်ဆိုတော့ ကျမတို့တွေက ရပ်ကွက်အုပ်ကြီးတွေကို ပိုက်ဆံတွေ ထပ်ပေးရဦးမှာပေါ့။ ကိုယ့်ကလေး နာမည်ပါလို လတိုင်း သိန်းချီပေးနေရတယ်။ မပေးမချင်း အကြွေးရှင်တွေကျလို့ ဖုန်းဆက်ပြီးကို တောင်းတာ။ အစစအရာရာ ကြပ်တည်းနေချိန် မစားရ မသောက်ရနဲ့ ပေးနေရတာ။ရပ်ကွက်ထဲမှာ မတတ်နိုင်တဲ့ လူတချို့ကျတော့လည်း တောင်းတဲ့ပိုက်ဆံ မပေးနိုင်တော့ ခေါ်ရင် လိုက်သွားရတာပေါ့” လို့ ပြည်တွင်းမှာ နေထိုင်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေဟာ စတင် အာဏာတည်ခဲ့ပြီးနောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ဧပြီလ ၈ ရက်မှာ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှာတော့ အမှတ်စဉ် (၂၆) ကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

“ပြည်သူ့စစ်မှုထမ်းဥပဒေ” အရ စစ်မှုထမ်းရမယ့် အသက်အရွယ်ဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ် မပြည့်သေးတဲ့ အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ် မပြည့်သေးသူတဲ့ အမျိုးသမီးတွေ အားလုံး အကျုံးဝင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခု တတ်ကျွမ်းသူများကိုတော့ ကျွမ်းကျင်သူလို သတ်မှတ်ထားပြီး အသက် ၄၅ နှစ် မပြည့်သေးတဲ့ အမျိုးသားတွေနဲ့ အသက် ၃၅ နှစ် မပြည့်သေးတဲ့အမျိုးသမီးတွေလည်း အကျုံးဝင်တယ်လို့ သိရပါတယ်။

“အလုပ်သွား ကျောင်းသွား မပြောနဲ့။ ကိုယ့်အိမ် ကိုယ့်လမ်းနား သွားလာတာတောင် မလုံခြုံပါဘူး။ အခုက စာထုတ်ပြီး ခေါ်တာအပြင် ပေါ်တာပါ ဆွဲနေတာ။ကားဂိတ်တွေမှာ ထိုင်နေရင် အရပ်ဝတ်နဲ့ ပခုံးပုတ်ပြီး လာလိုက်ခဲ့ ခေါ်တာရှိသလို လမ်းသွားနေရင်းလည်း ကားနဲ့ အတင်းကပ်လိုက်ပြီး ဆွဲတင်သွားတာမျိုးတွေ မကြာခဏ ဆိုသလို ဖြစ်နေတာ။ လူငယ်အရွယ်ကောင်းတွေ ပျောက်ဆုံးမှု များ‌လာတာပဲကြည့်” လို့ ပြည်တွင်းနေထိုင်သူတစ်ဦးကလည်း အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စစ်မှုထမ်းဥပဒေကြောင့် မိသားစုနဲ့ ခွဲခွာကာ ပြည်ပ ထွက်ခွာကြသူတွေ များပြားလာပြီး မြန်မာပြည်သို့ ပြန်လာရန် မဖြစ်နိုင်တဲ့ အခြေအနေတွေကြောင့် ပြည်ပနိုင်ငံများတွင်သာ ဆက်လက် နေထိုင်နေရပြီး အလုပ်အကိုင် ရှားပါးခြင်းနဲ့ စားသောက် နေထိုင်ရန် အခက်အခဲများ ကြုံတွေ့နေရလျက် ရှိနေပါတယ်။

Related posts

စစ်ကောင်စီမှ သေနတ်ဖြင့် အရပ်သား ၂ ဦး ကို ပစ်သတ်၊ ရွာသားအချို့ကို ဖမ်းဆီးထား

Rakhita Times

ယုံကြည်သူများအသင်းတော် ဘာသာရေးပွဲတော်အတွက် AA ငွေကြေးလှူဒါန်း

Rakhita Times

တရားမဝင် အရက်၊ ဘီယာများကို DLEPS ဖမ်းဆီး

Rakhita Times

169 comments

Leave a Comment