NewsPolitic

ကျောက်တော်ကို စစ်ကောင်စီ ဗုံးကြဲ၊ မူဆလင်ကလေးငယ် အပါအဝင် ၇ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၅ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့တွင်းနဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာ ၂၅ ရက်၊ မိုးလင်းဝမှာ Y-12 စစ်ထောက်ပံ့ရေး လေယာဉ်ကို အသုံးပြုပြီး ဗုံးတွေ အဆက်မပြတ် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မကွေးလေတပ်က ထွက်လာတဲ့ စစ်ကောင်စီရဲ့ Y-12 လေယာဉ်တစ်စီးဟာ မိုးလင်းဝ ၂ နာရီကျော်ကနေ ၂ နာရီ ၄၅ မိနစ်လောက်အထိ ကျောက်တော်မြို့ ပြည်တော်သာ (၉) လမ်း၊ ပိုက်သည်ရွာနဲ့ နိဒင်ရွာတွေဘက်ကို ဒရော့ဗုံး (Drop Bomb) အလုံး ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁ နှစ်အရွယ် မူဆလင် ကလေးငယ်တစ်ဦး အပါအဝင် မူဆလင်ဒေသခံ ၅ ဦးနဲ့ စုစုပေါင်း ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသွားကြသူတွေကတော့ ပြည်တော်သာရပ်ကွက်မှ အသက် ၅၅ နှစ်အရွယ် ဦးစိန်သန်းနဲ့ အသက် ၅၄ နှစ်အရွယ် ဒေါ်ရွှေရီ (ဝမ်းဗိုက် ဗုံးစထိမှန် ပြင်းထန်ဒဏ်ရာရ)၊ ပိုက်သည်ရွာမှ အသက် ၃၅ နှစ်အရွယ် ဦးအဘူကလစ်၊ နိဒင်ရွာမှ အသက် ၁ နှစ်အရွယ် ဘီဘီဆာနေးယား (နဖူး ဗုံးစထိမှန်)၊ နိဒင်ရွာမှ အသက် ၈ နှစ်အရွယ် ဘီဘီဆာခါရာ (ညာဘက်ခြေထောက် ဗုံးစထိမှန်)၊ နိဒင်ရွာမှ အသက် ၁၈ နှစ်အရွယ် ဆော်လိမ်း၊ အသက် ၃၇ နှစ်အရွယ် ရိုဟီမာကာတူနဲ့ အသက် ၄၃ နှစ်အရွယ် ဂျာဘဲရိ တို့ ဖြစ်ကြပါတယ်။

စစ်ကောင်စီရဲ့ Y-12 လေယာဉ်နဲ့ ကြဲချခဲ့တဲ့ ဗုံးသီးတွေဟာ ကျောက်တော်မြို့ထဲက ပြည်တော်သာရပ်ကွက်၊ ပီစီပိုက်သည်ရွာ၊ ဝကင်းရွာနဲ့ ဒုံးရွာတွေဆီကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
Photo – One Nation News
(ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်)

Related posts

အာရက္ခပြည်သူ့ရေးရာမူဝါဒနဲ့ စီမံအုပ်ချုပ်ရေးကျောင်းအတွက် ဝန်ထမ်းခေါ်ယူ

Rakhita Times

စကမ က ရက္ခိုင်ကို လေယာဉ်အုပ်စုလိုက်ပျံဝဲပြီး မြို့ ၃ မြို့ကို ဗုံးကြဲ(Breaking News)

Rakhita Times

ဂွမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူ ၂ ဦး ခြေ ၁ ဖက် ဆီ ဆုံးရှုံး

Rakhita Times

Leave a Comment