NewsPolitic

ကျောက်တော်ဈေး ဗုံးကြဲခံရမှုကို စစ်လော်ဘီများက ဂြိုလ်တုပုံဟောင်းသုံး ဝါဒဖြန့်နေ

အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၆)

စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများကို စစ်တပ်ထောက်ခံသူ လော်ဘီများက အလျင်အမြန် ဖုံးကွယ်လေ့ရှိပြီး အမှန်တရားကို လှည့်ဖြားရန်အတွက် အချက်အလက်မှန်အချို့နဲ့ အမှားများကို ရောနှောကာ ပြည်သူများ အမြင်ဝေဝါးစေရန် အချက်အလက်ခဝါချခြင်း (Information Laundering) များကို လုပ်ဆောင်နေတယ်လို့ TNISO က ထုတ်ဖော် ရေးသးလိုက်ပါတယ်။

စက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ကျောက်တော်မြို့၊ ဈေးတခုအပေါ် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်လော်ဘီများဟာ မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာများဖြင့်ပါ X (Twitter) လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့် disinformation များကို အတုအယောင် ဖြန့်ဝေနေကြတယ်လို့ TNISO က ဆိုပါတယ်။

စစ်လော်ဘီများ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် နှစ်အစပိုင်းက ရိုက်ကူးထားခဲ့တဲ့ Google Earth ဂြိုလ်တုပုံရိပ်ဟောင်းများကို အသုံးပြုပြီး နေရာအဆောက်အဦတချို့တွင် အမြင်မှားစေမယ့် အတုအယောင် Label များကို တပ်ဆင်ထားတာ တွေ့ရပါတယ်။

အဆိုပါ တံဆိပ်တုံးတပ်ဆင်ထားတဲ့ နေရာများတွင် AA ရဲ့ လှေဆိပ်၊ လောင်စာဆီ သိုလှောင်ရာနေရာ၊ AA ရဲ့ ဘားတိုက်၊ ရုံး၊ အကောက်ခွန်နေရာနဲ့ DELPS ရုံး စတာတွေနဲ့ လုပ်ကြံ ရေးသား ပုံဖော်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အပြီး အာရက္ခတပ်တော်က ရိုက်ကူးခဲ့တဲ့ လက်ရှိ ဒရုန်းမြင်ကွင်းမှတ်တမ်းများနဲ့ ယှဉ်ထိုးကြည့်ရာတွင် စစ်လော်ဘီများ တံဆိပ်တပ်ထားတဲ့ နေရာတွေဟာ မြေပြင်အခြေအနေနဲ့ လုံးဝ ကွဲလွဲနေပြီး စစ်လော်ဘီများ အသုံးပြုနေတဲ့ ပုံဟာ ၂၀၂၃ ခုနှစ်က ဂြိုလ်တုပုံ ဖြစ်နေတာကြောင့် လက်ရှိ ပကတိ မြင်ကွင်းနဲ့ နှိုင်းယှဉ်ပါက သူတို့ရဲ့ ဝါဒဖြန့်မှု အမှားများကို ထင်ရှားစွာ ခွဲခြား သိရှိနိုင်တယ်လို့ TNISO က ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်လော်ဘီများဟာ စစ်ကောင်စီတပ်ရဲ့ ရာဇဝတ်မှုများကို အရွယ်အစား သေးငယ်အောင် ဖုံးကွယ်ရန်အတွက် ကျောက်တော်ဈေး မီးလောင်ကျွမ်းခဲ့ရတဲ့ နေရာကိုပင် “လောင်စာဆီသိုလှောင်ရာနေရာ” အဖြစ် ပုံဖော်ကာ လူစည်ကားရာ ဈေးဝန်းကျင်တွင် AA က လောင်စာဆီ သိုလှောင်ထားတယ်ဆိုတဲ့ သက်သေ အထောက်အထားမဲ့ မမှန်သတင်းများကို ဖန်တီးနေကြခြင်းလည်း ဖြစ်ပါတယ်။

အလားတူ စစ်လော်ဘီ တယ်လီဂရမ် ချန်နယ်များတွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြတဲ့ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များကို လက်ညှိုးထိုးပြကာ “တွေ့လား၊ AA တွေ ရှိတဲ့နေရာကို ဗုံးကြဲတာ” စတဲ့ ဇာတ်ကြောင်းဖန်တီးမှု (Narrative) များကိုပါ တမင်သက်သက် လုပ်ဆောင်နေကြကြောင်းလည်း သိရပါတယ်။

Related posts

သာပေါင်းကို ရွေတုအစိုးရ ဗုံးကြဲလို့ ရက္ခိုင်စစ်ရှောင် ၂ ဦး သေဆုံး

Rakhita Times

စစ်တွေသူ မသီရိစိုး အမှတ်ပေါင်း ၅၆၂ မှတ်နဲ့ the whole burma first ရရှိ

Rakhita Times

ဘင်္ဂလားကနေ စကမ ထိန်းချုပ်နယ်မြေ စစ်တွေကို မူးယစ်ဆေးသယ်လာတဲ့ ဘုတ် ၂ စီး AA ဖမ်းဆီးရမိ

Rakhita Times

Leave a Comment