NewsPolitic

ကျောက်ဖြူတွင် အုပ်ချုပ်ရေးဌာနနဲ့ ပြည်သူများ ပူးပေါင်းပြီး သန့်ရှင်းရေး ပြုလုပ်

အာရက္ခတိုင်းမ်စ် (၁၂ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူခရိုင်အတွင်းရှိ မြို့ရွာများ သန့်ရှင်းသာယာလှပစေရေးနဲ့ ရေနုတ်မြောင်းများ ပိတ်ဆို့မှု မရှိစေရေးအတွက် အုပ်ချုပ်ရေးဌာနဆိုင်ရာများနဲ့ ဒေသခံပြည်သူများ စုပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းတွေကို အောက်တိုဘာလ ၁၀ ရက်က ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးတွင် မြို့ပြနဲ့ ကျေးရွာများအတွင်းရှိ လမ်းဘေးဝဲယာတလျှောက်တွင် ရှုပ်ထွေးနေတဲ့ ခြုံနွယ်များ၊ ပေါင်းပင်၊ မြက်ပင်များကို ခုတ်ထွင် ရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးရာသီအတွင်း အမှိုက်သရိုက်များနဲ့ နှုန်းမြေများ ပိတ်ဆို့နေတဲ ရေမြောင်းများကိုလည်း ရေစီးရေလာ ကောင်းမွန်စေရန်အတွက် စုပေါင်းဆယ်ယူရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး DLEPS၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ဒေသခံပြည်သူလူထုတို့ လက်တွဲပြီး တက်ကြွစွာ ပါဝင် ကူညီဆောင်ရွက်ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည် စိမ်းလန်းစိုပြည်ရေး “Green Arakkha” စီမံကိန်းနဲ့ သစ်ပင်များ စိုက်ပျိုးနေပြီး တစ်ဖက်တွင်လည်း မြို့ရွာများ သန့်ရှင်းသာယာလှပရေးအတွက် “Clean Arakkha” စီမံကိန်းနေနဲ့ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Photo – APM

Related posts

ကျောက်ဖြူစီမံကိန်းကို AA နဲ့ မဆွေးနွေးရင် လည်ပတ်နိုင်မည်မဟုတ်လို့ AOW ဆို

Rakhita Times

ကပစ ၁၆ အနီးတွင်လည်း AA နဲ့ ရွေးတုတပ် တိုက်ပွဲပြင်းထန်နေ

Rakhita Times

AA ရဲ့ လက်နက်ကြီးတွေ စစ်တွေက တပ်ရင်း ၁၂ နဲ့ ရေတပ်ဌာနချုပ်ကို ကျ

Rakhita Times

Leave a Comment