အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဒေသနဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကစပြီး စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ရမ်းချောင်းဒေသတစ်ဝိုက်ကို ၇ ကြိမ်ထက်မနည်း ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ပေါက်ကွဲသံတွေ တောက်လျောက်ကြားနေရတယ်။လူတွေလည်း ဘယ်သူမှ အပြင်ထွက်မကြည့်ရဲကြဘူး။ အကုန်လုံး စိုးရိမ် ထိတ်လန့်နေကြတယ်။ ခုချိန်ထိ ကလေးတွေလည်း ထမင်းတောင် မစားရသေးဘူး” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
ထိခိုက် ပျက်စီးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
