NewsPolitic

ပုဏ္ဏားကျွန်း ပန်းနီလာကို ဒီနေ့ စစ်ကောင်စီ ဗုံးကြဲ၊ ၁ ဦးသေ ၁ ဦးဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာကို ဒီနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်မှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေလို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရမှု မကြာခဏ ဖြစ်နေကြောင်း သိရပါတယ်။

အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းမှာလည်း ပန်းနီလာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ အောက်တိုဘာလ ၄ ရက်မှာလည်း သရက်ချိုရွာနဲ့ ယိုးငူရွာကြားက ဗျာလစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေရတဲ့ အရပ်သားပြည်သူ ၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

Related posts

AA နဲ့အတူ ကပစ (၁၆) ကို BPLA ပါ ပူးပေါင်းတိုက်ခိုက်နေ

Rakhita Times

ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်း သ‌ဘောတူ

Rakhita Times

အာဏာရှင်စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးပုံစံသစ်နှင့် အာရက္ခပြည်

Rakhita Times

Leave a Comment