အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း – ၁၇)
“မဆလ စစ်တပ်ရဲ့ ဖြတ်လေးဖြတ်နဲ့ ရက္ခိုင် တော်လှန်ရေး” ဌေးဝင်း *** ဒေါင်းတောင်ယိုး စစ်ဆင်ရေးကို ငါတို့ဘက်က အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လို့ ငါ့ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေမိတယ်။ ငါ့အဖြစ်က ယူဂျီဘဝမို့ လူသိလည်း ခံလို့မရ။ ဒါပေမဲ့ ငါလည်း အတိုင်းအတာတခုထိ လုပ်နိုင်တယ် ဆိုတဲ့
