Uncategorized

“စိမ်းလန်းစီ” အဖွဲ့ မြောက်ဦးတွင် နှစ်ရှည်ပင် ထပ်မံစိုက်ပျိုး

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၆)

“စိမ်းလန်းစီ” အဖွဲ့က ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်တွင် ဒီကနေ့မှာ နှစ်ရှည်သစ်ပင်များ ထပ်မံစိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

“ဇွန်လကလည်း နှစ်ရှည်ပင် ၅၀၀ လောက်ကို စိုက်ပျိုးပြီးပါပြီ။ ဒီနေ့မှာတော့ နောက်ထပ် နှစ်ရှည်ပင် ၂၀ ကျော် ထပ်စိုက်တာပါ” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စိမ်းလန်းစီ” အဖွဲ့ကို ၂၀၂၂ ခုနှစ်က စတင်ကာ ရက္ခိုင်ပြည်တဝှမ်း သဘာဝပတ်ဝန်းကျင်အတွက် အပင်စိုက်ကြဖို့ ရည်ရွယ်ချက်နဲ့ လူငယ်တွေနဲ့ စပြီး တည်ထောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအ‌နေနဲ့လည်း ရက္ခိုင်ပြည် စိမ်းလန်းစိုပြည်ရန်အတွက် Green Arakkha (စိမ်းလန်းသော အာရက္ခပြည်) စီမံကိန်းအဖြစ် အပင်များကို မြို့နယ်များတွင် စိုက်ပျိုးပေးနေတယ်လို့ သိရပါတယ်။

“Green Arakkha ဆိုတဲ့အတိုင်း အနာဂတ် အာရက္ခပြည်ကို စိမ်းစိမ်းစိုစိုနဲ့ လှပစေချင်ပါတယ်” လို့ “စိမ်းလန်းစီ” အဖွဲ့ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောကြားခဲ့ပါတယ်။

“စိမ်းလန်းစီ’ အဖွဲ့အနေနဲ့ မိုခါမုန်တိုင်းအပါအဝင် နယ်မြေမတည်ငြိမ်တွေကြောင့် ထင်ထားသရောက် ခရီးမပေါက်နိုင်ခဲ့ပေမယ့် “စိမ်းလန်းစီ” အဖွဲ့အနေနဲ့လက်မလျော့ဘဲ ပုံမှန် အလုပ်လုပ်လို့ ရှိနေပြီး ရန်ပုံငွေရှာကာ ခြံလေးတစ်ခြံကနေ အာရက္ခတစ်ပြည်လုံး စိမ်းလန်းစေဖို့ ရည်ရွယ်ချက်နဲ့ တစိုက်မတ်မတ်နဲ့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Up To Time

Related posts

AA အနေနဲ့ စစ်ကောင်စီကို များများဖိပြီး တိုက်ထားရမယ်

Rakhita Times

“မြစ်များ” ပန်းချီပြပွဲ မဲဆောက်တွင် ပြုလုပ်ဓာတ်ပုံသတင်း

Rakhita Times

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာအချို့

Rakhita Times

Leave a Comment