Uncategorized

AA က နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးအတွက် သိန်း (၁၀၀) လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၀ ဇွန် ၂၀၂၆)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်က ဒီကနေ့ ဇွန်လ ၁၀ ရက်မှာ ငွေကျပ် သိန်း (၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“နမ့်ခမ်းမြို့၊ အမှတ် (၁) ကောင်းတပ်ရပ်ကွက်ဖြစ်စဉ် ပြန်လည် ထူထောင်နိုင်ရေးအတွက် အာရက္ခတပ်တော် (AA) မီးနဂါးစစ်ဒေသ (၁၀၅မိုင် – မူဆယ်မြို့) မှ ကျပ်သိန်း (၁၀၀) တိတိအား စေတနာပြည့်ဝစွာဖြင့် ကူညီလှူဒါန်းပေးခဲ့ပါသည်” လို့ ကောင်းတပ် ပြန်လည်ထူထောင်ရေးကော်မတီက ဆိုပါတယ်။

မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ယမ်းမတော်တဆ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာရှိ ပြည်သူ ၅၅ ဦး သေဆုံးပြီး ၇၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင် ယမ်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတဲ့ မိသားစုဝင်များကို တောင်းပန်ကာ ကျပ်သိန်း ၁၀၀ စီ ကူညီထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) က ဇွန်လ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကွယ်လွန်သူများကို ရည်စူးပြီး ရက်လည်ဆွမ်းသွပ် တရားနာ အလှူတော်ကို ဇွန်လ ၆ ရက်က ကျင်းပ ပြုလုပ်ခဲ့ပြီး PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် တားခူလန်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လနဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနဲ့ ကျန်ရစ်မိသားစုဝင်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သူတွေအတွက်လည်း လိုအပ်တဲ့ ဆေးဝါးကုသမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုများနဲ့ တခြား လိုအပ်တဲ့ အကူအညီများကို PSLF/TNLA က ဆက်လက် ပံ့ပိုး ကူညီပေးမယ်လို့လည်း သိရပါတယ်။

Related posts

အမ်းမြို့သိမ်းတိုက်ပွဲပြန် စလင်း (ပကဖ) အိမ်ပြန်တွင် ကြိုဆို

Rakhita Times

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေဆုံ

Rakhita Times

သွားရောဂါသည် ၁၂၀ ကို AA စမ်းသပ်စစ်ဆေး၊ ၈၅ ယောက်ကို ကုသပေးခဲ့

Rakhita Times

2 comments

FrankThero စက်တင်ဘာ 5, 2026 at 5:17 မနက်

Гарантия анонимности
Получить больше информации – http://msk-clinica-plus.ru

Reply
Vernonzer စက်တင်ဘာ 8, 2026 at 8:58 ညနေ

Вывод из запоя в Красноярске — медицинская помощь человеку, который в течение нескольких дней или более длительного периода употребляет алкоголь и уже испытывает сложности при попытке самостоятельно остановиться. Продолжительный запой влияет не только на самочувствие, но и на работу сердца, печени, нервной системы, сон, аппетит и психическое состояние. Чем больше стаж алкоголизма, тем выше вероятность абстинентного синдрома и осложнений. Поэтому профессиональный вывод из запоя начинается не с универсальной капельницы, а с оценки пациента врачом.
Изучить вопрос подробнее – https://2.vyvod-iz-zapoya-krasnoyarsk55.ru/

Reply

Leave a Comment