NewsPolitic

စစ်ကောင်စီမှ သေနတ်ဖြင့် အရပ်သား ၂ ဦး ကို ပစ်သတ်၊ ရွာသားအချို့ကို ဖမ်းဆီးထား

စစ်ကောင်စီမှ သေနတ်ဖြင့် အရပ်သား ၂ ဦး ကို ပစ်သတ်၊ ရွာသားအချို့ကို ဖမ်းဆီးထား

အာရက္ခတိုင်းမ်စ် (၁၄-အောက်တိုဘာ-၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့နယ်တွင် အောက်တိုဘာ ၁၂ရက် ညနေက စစ်ကြောင်းထိုးလာသော စစ်ကောင်စီရဲ့ တပ်သားတွေဟာ အရပ်သား ၂ ဦး ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ရွာသားအချို့ကို ဖမ်းဆီးသွားကြောင်း သိရပါတယ်။

“ သဗြုချောင်း နဲ့ ကုတို့လေး (ကူးတို့လေး) ရွာ နှစ်ရွာကြားမှာ ရွာသား ၃ ယောက်က ပိုက်ဆံဝေနေတယ် (လုပ်အားခ ခွဲဝေယူတာ) အဲချိန် စစ်တပ်ကရောက်လာတော့ ကြောက်လန့်ပြီး ပြေးကြတယ်။ အိမ်ပေါ်တက်ပြေးပြီး တံခါးကို ဖွင့်မပေးတာမှာ စစ်တပ်က ပစ်သတ်သွားတာ” လို့ ဂွမြို့နယ် ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ တပ်သားတွေဟာ ကုလားပြင်တံတား (ရတနာမြိုင်) မှ စစ်ရေးရှုံးနိမ့်သဖြင့် တပ်ဆုတ်လာတာဖြစ်ပြီး ဒေသခံပြည်သူများကို ရှုံးမဲမဲနေကြောင်း သိရပါတယ်။

“ ကုတို့လေး (ကူးတို့လေး) ရွာသား လူငယ်တွေကို ဖမ်းပြီး ကြိုးနဲ့ တုတ်ထားတွေရှိတယ်။ တအားငယ်တဲ့ ကလေးအချို့တော့ ပြန်လွှတ်ပေးတယ်” လို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေနဲ့ ဆွေမျိုးတော်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ဂွမြို့နယ်တွင် အာရက္ခတပ်တော် နှင် စစ်ကောင်စီတပ်တို့ ကူးတို့လေးကျေးရွာ အနီးရှိ တောင်ကုန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီမှ ကြည်း၊ ရေ၊ လေတပ်ဖြင့် အပြင်းအထန် ခုခံနေကြောင်း သိရပါတယ်။

ရက္ခိုင်ပြည် တောင်ပိုင်းတွင် အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ဂွမြို့နယ်က ကြွေချိုင်ကမ်းခြေ အနီးထိ ရောက်ရှိနေပြီး ဂွမြို့ရောက်ရန် ၂၅ မိုင် ကျော်သာ လိုတော့ကြောင်း သိရပါတယ်။

Related posts

ရှမ်းမြောက်တိုက်ပွဲတွင် လားရှိုးမြို့က အခြေအနေ အဆိုးဆုံးဟုဆို

Rakhita Times

AA ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

Rakhita Times

စစ်တွေက ကျေးရွာနဲ့ ရပ်ကွက်အချို့ စစ်ကောင်စီက ဖိအားပေး ပြောင်းရွေ့ခိုင်း

Rakhita Times

Leave a Comment