BusinessNewsPolitic

စစ်တွေက စစ်ဘေးရှောင်စခန်းအချို့ကို UN က ၁၀ သိန်းထောက်ပံ့

အာရက္ခတိုင်းမ်စ် (၂၁ မေ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့အား UN မှ တအိမ်ထောင်ကို ငွေကျပ် ဆယ်သိန်း နှစ်သောင်း ခြောက်ထောင်ခန့် လာရောက် ထောက်ပံ့ပေးသွားတယ်လို့ သံဃရာဇာကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

UN က အဲဒီလိုမျိုး အမြဲ ထောက်ပံ့ပေးနေတာမျိုး မဟုတ်ဘဲ တခါတရံမှသာ လာရောက် ထောက်ပံ့တာဖြစ်ပြီး အခု ထောက်ပံ့တဲ့ ငွေကြေးဟာလည်း စားနပ်ရိက္ခာတွေအပြင် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ဖို့အတွက်ဖြစ်ပြီး ဘယ်နှစ်လစာ ထောက်ပံ့ကြေးလဲ ဆိုတာတော့ မသိဘူးလို့ စစ်ဘေးရှောင်စခန်း တာဝန်ခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အိမ်ထောင်စု ဘယ်လောက်လောက် ပေးသွားလဲဆိုရင် ကျနော်တို့ ကျောင်းမှာရှိတာ ၇၉ ဦးပေါ့။ အိမ်ထောင်စုကို ပေးသွားတာ။ စားဝတ်နေရေးက တနေ့တာကို ဘယ်လို ဖြေရှင်းနေကြရလဲဆိုတော့ သူတို့ အဖွဲ့အစည်းတွေက WFP တို့ အဲဒီဘက်က စားနပ်ရိက္ခာနဲ့ အစိုးရဘက်က ထောက်ပံ့ကြေး ပေးထားတဲ့ စားနပ်ရိက္ခာနဲ့ အဲဒီလိုပေါ့။ အရင်လို ရွာနေသလို ပုံမှန်တော့ စားတာ သောက်တာတော့ အခက်အခဲတွေကို ကြုံတွေ့နေရတယ်။ မိသားစုတစုမှာ လူဦးရေ ၅ ယောက် ရှိတယ်ဆိုရင် ဆန်က ပုံမှန်ချက်မယ်ဆို မချက်နိုင်ဘူး ၃ ဦးစာလောက်ပဲ ချက်ပြုတ်စားကြတယ်။ အဲဒါတွေကို မျှဝေပြီး စားသုံးကြတယ် ကျနော်တို့ကျောင်းမှာက” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာ အဆမတန် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း နှုန်းထားကြောင့် မိုးတွင်းကာလအတွက် လိုအပ်တာတွေ ဝယ်ရတဲ့အခါမှာ UN က ထောက်ပံ့ပေးတဲ့ ငွေပမာဏဟာလည်း လောက်ငှမှု မရှိဘူးလို့ သိရပါတယ်။

စစ်တွေမြို့က စစ်ဘေးရှောင်တွေဟာ အရင်က နေရပ် မပြန်နိုင်သေးခင်မှာ ဝင်ငွေရရှိရေးအတွက် အလုပ်လုပ်ကိုင်ပြီး ရှာဖွေ စားသောက်ကြတာ ဖြစ်ပေမယ့် အခုလက်ရှိ တကျော့ပြန် တိုက်ပွဲကြောင့် ရက္ခိုင်ပြည်မှာ အလုပ်အကိုင်တွေလည်း ရှားပါးလွန်းတာကြောင့် ပို အခက်ကြုံ နေရတာ ဖြစ်ပါတယ်။

ဒ့ါအပြင် ပုံမှန် အလှူရှင်အနေနဲ့ မရှိသလောက် နည်းပါကာ WFP ကထောက်ပံ့မှုနဲ့ စကစ ဘက်က ထောက်ပံ့မှုပဲ ပုံမှန်ရှိတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျနော်တို့ကို ပုံမှန် ထောက်ပံ့ပေးတာဆိုလို့ WFP ပဲ ရှိပါတယ်။ WFP ကိုယ်စားပေါ့နော် အဲဒီ အသင်းတသင်းပဲ ရှိတာပါ။ ကျန်တဲ့ Team တွေကတော့ သူ့ရဲ့ဘတ်ဂျက်နဲ့သူ ပေးတာပါ။ ပုံမှန် ထောက်ပံ့နေတာကတော့ အစိုးရဆန်ရယ်၊ WFP ရယ် အဲဒါပဲ ရှိတာပါ။ လစဉ်ဆိုတော့ သူတို့က ရိက္ခာပါတယ်ဆိုရင် ဆန်တတောင်းဆိုရင် ငွေသား နှစ်သောင်းစီ ထောက်ပံ့တယ်။ အဲဒါက လူဦးရေနဲ့ ပတ်သက်လို့။ အိမ်ထောင်စုနဲ့ မပေးဘူး သူက ဦးရေနဲ့ ပေးတာမို့လို့” လို့ သူက ပြောပါတယ်။

စစ်အုပ်စုဟာ အခုရက်ပိုင်း ကျောက်ဖြူကနေ စစ်တွေမြို့သို့ စစ်သင်္ဘောတွေ အသုံးပြုကာ အင်အား ဖြည့်တင်းနေတဲ့အတွက် စကစနဲ့ အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေး တင်းမာနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စကစရဲ့ ရေတပ် သင်္ဘောနှစ်စီးဟာ စစ်တွေမြို့မှာ ကမ်းကပ်ကာ စစ်အင်အား ဖြည့်တင်းခဲ့ပြီး AA ထိန်းချုပ်နေရာ အနီးသို့ ရေကြောင်းလှုပ်ရှားမှု၊ ဒရုန်းကင်းထောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

Related posts

ကျောက်မဲဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပေါ် TNLA ရှုတ်ချ

Rakhita Times

Breaking News

Rakhita Times

ပင်လယ်ဓါးပြတိုက်ခံထားရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၆ ဦး ကို AA ကယ်ထုတ်

Rakhita Times

8 comments

https://forum.issabel.org/ မေ 27, 2026 at 6:17 မနက်

References:

Harrah’s cherokee casino https://forum.issabel.org/

Reply
sundaynews.info ဇွန် 13, 2026 at 11:49 မနက်

References:

Hit and spin casino sundaynews.info

Reply
https://casinos-prague.online-spielhallen.de/ ဇွန် 15, 2026 at 6:19 ညနေ

References:

Red flush casino https://casinos-prague.online-spielhallen.de/

Reply
https://merkur-casino-online.online-spielhallen.de/ ဇွန် 15, 2026 at 7:21 ညနေ

References:

Lucky emperor casino https://merkur-casino-online.online-spielhallen.de/

Reply
Registrierungsbonus Casino Deutschland ဇွန် 16, 2026 at 7:11 ညနေ

References:

Paysafe Casino Bonus Registrierungsbonus Casino Deutschland

Reply
https://www.garagesale.es/ ဇွန် 19, 2026 at 5:11 ညနေ

References:

Legiano Casino Deutschland https://www.garagesale.es/

Reply
500px.com ဇွန် 19, 2026 at 5:47 ညနေ

References:

Legiano Casino legal 500px.com

Reply

Leave a Comment