ပုဏ္ဏားကျွန်း တိုက်ပွဲရှောင်စခန်းတွင် ၂ လအတွင်း ကိုယ်ဝန်ပျက်ကျသူ ၃ ယောက် ရှိနေ
အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က တိုက်ပွဲရှောင်စခန်းတွေမှာ ဆေးဝါးလိုအပ်ချက်ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ပျက်ကျတာတွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ ၁ လ၊ ၂ လအတွင်းမှာဆိုရင် ကိုယ်ဝန်ဆောင် ၃ ယောက်လောက် ပျက်ကျခဲ့တယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးထံကနေ သိရပါတယ်။
ဆေးဝါး အခက်အခဲကြောင့် ကိုယ်ဝန် ၅ လနဲ့ ပျက်သွားတာတွေ ရှိတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
“ဆေးဝါး အခက်အခဲရှိတယ်လို့ ပြောချင်တယ်။ ကိုယ်ဝန်ဆောင်တွေပေါ့နော် ဆေးမရှိလို့ထင်တယ် ကိုယ်ဝန်ပျက်ကျတာတွေ ရှိတယ်။ အခု ၁ လ၊ ၂ လအတွင်းမှာတောင် ကိုယ်ဝန်ဆောင်မိခင် ၂ ယောက်၊ ၃ ယောက်လောက် ပျက်ကျတာ ရှိတယ်။ ၅ လနဲ့ ပျက်ကျတာ ရှိတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပုဏ္ဏားကျွန်းက တိုက်ပွဲရှောင် ၆ သောင်းကျော်မှာ ကိုယ်ဝန်ဆောင်သည်တွေကလည်း ရာနဲ့ချီပြီးတော့ ရှိနိုင်တယ်လို့ တိုက်ပွဲရှောင်အရေး ကူညီတဲ့သူတွေက ပြောပါတယ်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရေးကြီးတဲ့ လအလိုက် ကာကွယ်ဆေး မထိုးရတာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
ကိုယ်ဝန်ဆောင်တွေက ကာကွယ်ဆေး မထိုးရတာ၊ လိုအပ်တဲ့ အစားအသောက် အစာအဟာရတွေလည်း မရတဲ့အပြင် ဝမ်းရေးအတွက် အလုပ်လုပ်နေကြရတယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက တာဝန်ရှိသူတစ်ယောက်က “ကိုယ်ဝန်ဆောင်တွေ ဆေးဝါးကြောင့်လည်း ထင်တယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ စားဖို့ သောက်ဖို့အတွက် ရုန်းကန်နေရတယ် အဲဒီလိုမျိုးလည်း ထင်တယ်။ ကိုယ်ဝန်က ဆောင်နေပြီ၊ သူက စားဖို့အတွက် အလုပ်လုပ်ရတယ်လေ။ ကိုယ်ဝန်ဆောင်လို့ရှိရင် ကလေးအတွက် အားဆေးလား မထိုးရတာတွေကြောင့် အဲဒီလိုလည်း ထင်တယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်သည်တွေ မဖြစ်မနေသောက်ရတဲ့ ဖောလစ်အက်စစ်ဓာတ်ပါတဲ့ ဆေးတွေကိုလည်း သောက်သုံးခွင့်မရကြဘူးလို့ သိရပါတယ်။
အာဟာရချို့တဲ့တာကြောင့် ကလေးမမွေးနိုင်ဘဲ ကိုယ်ဝန်ပျက်ကျတာ၊ ကလေးမွေးဖွားနေတုန်း သေဆုံးတာနဲ့ ကလေးအသေမွေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ပြီးတော့ တိုက်ပွဲတွေကြောင့် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာ၊ တိုက်ပွဲတွေကြားမှာ လက်နက်ကြီးကျတာ၊ သတ်ဖြတ်ခံရတာကြောင့် သေဆုံးရတဲ့ ကိုယ်ဝန်ဆောင်တွေလည်း ရှိပါတယ်။

3 comments
В клинике «Основа» применяется комплексный подход к лечению алкогольной интоксикации. Программа включает использование нескольких групп препаратов, каждая из которых решает конкретную задачу в процессе восстановления:
Исследовать вопрос подробнее – капельница от запоя
Наркологическая клиника «Триумф» в Москве оказывает медицинскую помощь при алкогольной и наркотической зависимости. В клинике доступны лечение алкоголизма, лечение наркомании, вывод из запоя, детоксикация, кодирование, амбулаторное лечение и реабилитация. Программа подбирается с учетом состояния пациента, стажа зависимости и сопутствующих нарушений. Медицинская помощь оказывается анонимно, круглосуточно, в стационаре или на дому.
Ознакомиться с деталями – стациомедика наркологическая клиника вывода из запоя москва отзывы
Капельница от запоя в Москве «Трезвый путь» применяется для снятия похмельного синдрома, уменьшения интоксикации и поддержки организма после длительного приема спиртного. Лечение на дому начинается с осмотра: нарколог оценивает самочувствие, давление, характер жалоб, длительность приема алкоголя и сопутствующие болезни. После диагностики подбираются растворы и препараты, способствующие выведению продуктов распада этанола, поддержке сердца, печени и нервной системы. Медикаменты используются исключительно по показаниям. Если помощь в домашних условиях небезопасна, больному рекомендуют лечение в клинике или стационаре.
Получить больше информации – https://2.kapelnica-ot-zapoya-moskva0.ru/