အာရက္ခတိုင်းမ်စ် (၉ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်ရှိ စစ်ရှောင်ပြည်သူတွေ စပါးမပေါ်မီ ကြားကာလတွင် ဆန်ရိက္ခာပြတ်လပ်ပြီး အငတ်ဘေးနဲ့ ရင်ဆိုင်နေရရတယ်လို့ သိရပါတယ်။
စစ်ပွဲကာလ ကြာမြင့်လာတာကြောင့် အလုပ်အကိုင် မရှိခြင်း၊ ဆန်ရိက္ခာ ရှားပါးခြင်းနဲ့ ဝယ်ယူရန် ငွေကြေးမရှိခြင်းတို့ကြောင့် စစ်ရှောင်ပြည်သူတွေဟာ “တဆုတ်ဆန်” ကိုသာ အားထားပြီး ဆန်ပြုတ်သောက်ကာ ဝမ်းဖြည့်နေရတယ်လို့ သိရပါတယ်။
ကျေးရွာအုပ်စုအလိုက် တတ်နိုင်သမျှ ဆန်တစ်ဆုတ်စီ အလှူကောက်ခံ ကျွေးမွေးနေရသော်လည်း စစ်ရှောင်ဦးရေ လွန်စွာ များပြားလာတဲ့အတွက် တစ်ပတ်စာမျှသာ လုံလောက်တော့တယ်လို့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့က ဆိုပါတယ်။
တိုက်နယ်အသီးသီးရှိ စာရင်းများအရ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၉,၂၂၁ ဦးထက်မနည်းမှာ ဆန်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် အငတ်ဘေးနဲ့ ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင် မိဘပြည်သူများနဲ့ ကလေးငယ်တွေအတွက် စေတနာရှင်များက တစ်ဖက်တစ်လမ်းကနေ ဝိုင်းဝန်းကူညီပေးကြပါရန် ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့ ကမေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
လှူဒါန်းလိုသူတွေ အနေနဲ့ ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့ ရဲ့ Official Page ဖြစ်တဲ့ https://www.facebook.com/share/1BbxUiGmAj/ နဲ့ https://www.facebook.com/share/1CsZ33ALi6/ တို့တွင် ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
