NewsPolitic

ရက္ခိုင်ပြည်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူတွေအတွက် Better Burma က အရေးပေါ်အလှူခံနေ

အာရက္ခတိုင်းမ်စ် (၉ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံပြည်သူများအတွက် Better Burma အဖွဲ့က အရေးပေါ်ရန်ပုံငွေ အလှူခံ လှုံ့ဆော်မှုတစ်ရပ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့ရှိ လူစည်ကားရာ စျေးနဲ့ အရပ်ဘက်ဒေသများကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးများနဲ့ ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဆိုင်ခန်းပေါင်း ၄၀ ခန့် ပျက်စီးခဲ့ပြီး မိသားစုများရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများပါ ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရရှိသူများမှာလည်း ဆေးရုံစရိတ် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သရပါတယ်။

စက်တင်ဘာလ တစ်လအတွင်း ရက္ခိုင်ပြည်တွင် ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၆၄ ဦးနဲ့ ဒဏ်ရာရသူ ၉၆ ဦးအထိ ရှိလာခဲ့ပြီး အောက်တိုဘာလ ၅ ရက်ကလည်း ပုဏ္ဏားကျွန်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို ထပ်မံ ဗုံးကြဲခံရပြီး လူ ၂၀ ခန့် ထပ်မံ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူတွေအတွက် ဆေးဝါးကုသရေးအကူအညီများ၊ အရေးပေါ် အမိုးအကာများနဲ့ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးနိုင်ရန်အတွက် ပြည်သူများအနေနဲ့ ပါဝင် ကူညီလှူဒါန်းကြပါရန် Better Burma အဖွဲ့က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

Related posts

ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား ခေါ်ယူရန် ကမ်းလှမ်း

Rakhita Times

ဧရာဝတီတွင် စစ်ကောင်စီဖမ်းဆီးတဲ့ စစ်ရှောင်အများစုက ရက္ခိုင်ဖြစ်

Rakhita Times

ဆေးပဒေသာပင်အတွက် သူပုန်ဖြူရောင်းရင်းညီအကိုများက သိန်းတထောင်ကျော်လှူဒါန်း

Rakhita Times

Leave a Comment