NewsPolitic

အမ်းဌာနချုပ်ကို စစ်ကူလာတဲ့ စစ်ကောင်စီ ကြားဖြတ်တိုက်ခိုက်ခံရ၍ ၉ ဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကာ ၁၀ ဦးဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – Magway) မှ ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ ၂၀ ရက် ညနေ ၄ နာရီအချိန်မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာမှာ စစ်ကောင်စီရဲ့ အင်အား ၄၀ ခန့်ပါတဲ့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ စစ်ကြောင်းသည် အမှတ် ၉၀၅ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်ဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ စစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း – ပဒါန်း လမ်းပိုင်းထိန်းချုပ်နိုင်ရေးအတွက် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – Magway) က ရှေ့ပြေးလှုပ်ရှားမှုအဖြစ် စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိတယ်လို့ အဆိုပါ အဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က ရက္ခိုင်ပြည် နဲ့ မကွေး ဆက်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက စစ်ကောင်စီရဲ့ ကင်းစခန်းနှစ်ခုကို တော်လှန်ရေး ၃ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပါတယ်။

Related posts

စစ်တွေ ပွိုင့်ကမ်းခြေကို ၃ ရက် ပြန်ဖွင့်ပေးမယ်

Rakhita Times

အရပ်သားပြည်သူများကို သတ်ဖြတ်နေတဲ့ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေကြောင့် မောင်တောမြောက်ပိုင်းဒေသခံများ လုံခြုံရေး စိုးရိမ်နေရ

Rakhita Times

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ကပစ ၁၆နဲ့ ၃ မိုင်ကွာထိ ရောက်ရှိလာ

Rakhita Times

5 comments

casino-sh.online-spielhallen.de ဇွန် 15, 2026 at 7:14 ညနေ

References:

Lucky eagle casino casino-sh.online-spielhallen.de

Reply
slot maschinen online ဇွန် 16, 2026 at 7:21 မနက်

References:

Pfalzmarkt Casino Erfahrungen slot maschinen online

Reply
https://vacantes.pepmendoza.com.ar/ ဇွန် 17, 2026 at 3:28 မနက်

References:

Bodog casino https://vacantes.pepmendoza.com.ar/

Reply
https://fairytalescreation.com/node/18385 ဇွန် 17, 2026 at 11:21 မနက်

References:

Harrah’s new orleans casino https://fairytalescreation.com/node/18385

Reply

Leave a Comment