HealthNewsPolitic

ရက္ခိုင်မှာ မိခင်တွေ နို့မထွက်တာကြောင့် ကလေးတွေကို နို့ဆီ ဖျော်တိုက်နေရ

ရက္ခိုင်မှာ မိခင်တွေ နို့မထွက်တာကြောင့် ကလေးတွေကို နို့ဆီ ဖျော်တိုက်နေရ

အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

ရက္ခိုင်ပြည်ရှိ ကလေးမီးဖွားပြီးတဲ့ မိခင်တွေဟာ အာဟာရချို့တဲ့မှုဒဏ်ကြောင့် နို့မထွက်နိုင်တဲ့အတွက် လသားအရွယ်ကလေးတွေကို နို့ဆီပဲ ဖျော်တိုက်နေရတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာဟာရဖြစ်စေမယ့် အစားအစာ၊ ဆေးဝါးတွေကို လုံလောက်စွာ မစားသုံးနိုင်တာကြောင့် နို့မထွက်တဲ့အတွက် နို့ဆီချောင်း အထုပ်ကလေးတွေကိုဖျော်ပြီး လသားကလေးငယ်တွေကို တိုက်နေရတယ်လို့ ကူညီရေးပြုလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

“မွေးမိခင်တွေမှာ နို့မထွက်အောင် အားရှိအောင် မစားနိုင်တဲ့အတွက် နို့မထွက်ဘူး။ နို့မထွက်တော့ မိခင်လည်း အာဟာရမဖြစ်ဘူး။ ကလေးတွေလည်း အာဟာရ မဖြစ်ဘူး။ အားဆေး ပုံမှန်မသောက်နိုင်ဘူး။ အာဟာရ ကောင်းကောင်းမစားရတော့ နို့မထွက်တော့ နို့ဆီ အထုတ်ကလေးတွေနဲ့ ဖျော်တိုက်နေရတယ်။ နို့ဆီ အချောင်းကလေးတွေလေ သိတယ်မလား” လို့ အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။

လက်ရှိမှာ မွေးမိခင်တွေ အတွက်သာမက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ဆေးဝါးတွေဟာ ပေါများနေတာ မဟုတ်ပေမယ့်လည်း ဝယ်ချင်သလောက် ဝယ်လို့ရကြောင်း၊ ဒါပေမယ့် ငွေကြေး မတတ်နိုင်တာကြောင့် ဆေးဝါးတွေကို သေချာအသုံးမပြုနိုင်ကြကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကိုယ်ဝန်ဆောင်တွေမှာ ဆေးပေးခန်းတွေလည်းမရှိ၊ အစားအသောက်တွေလည်း ဟိုဒင်းမဖြစ်တော့ ခက်ခဲတာပေါ့။ ကိုယ်ဝန်ဆောင်၊ မွေးမိခင်တွေ။ ကလေးမွေးထားပြီးတဲ့အချိန်မှာလည်း ဆေးရုံတော့ ဆေးရုံပေါ့ ပိုက်ဆံ အဆင်မပြေတော့ မပြည့်စုံဘူး။ မပြည့်စုံတဲ့အချိန်မှာ အလကားမွေးပေးတဲ့ ဆေးပေးခန်းလေးတွေ ရှိတယ်။ NGO မှာ ဖွင့်ထားတဲ့ ဆေးခန်းတွေရှိတယ်။ အင်ပါလာ ရပ်ကွက်မှာရှိတယ် အဲဒီမှာ သွားပြထားရင် ဆေးရုံက အလကားလုပ်ပေးတယ်။ အဲဒီမှာ မပြထားရင် ငွေကြေးကုန်တယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်မှာတော့ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီအကြား တစ်ကျော့ပြန်တိုက်ပွဲဟာ ၂၀၂၄ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။

စစ်ကောင်စီဟာ တိုက်ပွဲ စတင်ဖြစ်ပွါးကတည်းက ရက္ခိုင်ပြည်က ကုန်း၊ ရေ လေ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူလူထုက အထိနာနေကြပါတယ်။

Related posts

မြေပုံမြို့နယ်က ခိုးရာပါ စက်လှေများကို ပိုင်ရှင်ထံ DLEPS ပြန်အပ်

Rakhita Times

စစ်ကျန်လက်နက် ဆော့ကစားလို့ ကလေး ၂ဦး၊ လူကြီး ၁ဦး သေဆုံး

Rakhita Times

■ ပွဲဆူနေတဲ့ ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဆိုတာဘာလဲ

Rakhita Times

2 comments

maxispin_a_vkPl မတ် 6, 2026 at 5:38 မနက်

Discover the thrill of real-money live casino action at real money live casino, where you can enjoy live dealers, top software providers, and exclusive promotions.
The platform maintains transparent policies so users are aware of rules and standards.

Reply
https___ja_hlen မတ် 11, 2026 at 5:24 ညနေ

Sprawdz poradnik kamera fpv dla poczatkujacych, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Zainwestuj czas w porownania modeli oraz czytanie opinii innych uzytkownikow.

Reply

Leave a Comment