NewsPolitic

အမ်းမှ ထွက်ပြေးလာသော ဗိုလ်မှူး အပါအဝင် ၁၄ ဦး ဖမ်းမိ၊ ၂ ဦး အသေရ

အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ထွက်ပြေးလာသော ဗိုလ်မှူးဇော်ထက်နိုင် အပါအဝင် ၁၄ ဦးကို အရှင်ဖမ်းမိပြီး ၂ ဦးကို အသေဖမ်းမိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်က မနေ့က (၂၈ နိုဝင်ဘာ) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် (ကြည်း ၅၆၁၇၈) ဦးစီးသော ရန်သူစစ်ကြောင်းကို ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော် နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အမ်း-ပဒါန်း လမ်းတစ်နေရာတွင် စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ရန်သူနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့် ရန်သူ (၂ ) ဦးကျဆုံးပြီး သုံပန်း (၁၄)ဦး၊ လက်နက်ငယ် (၂) လက် နှင့် ခဲယမ်း တို့ကို သိမ်းဆည်းရမိတယ်” လို့ ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – S.A.F) က ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တိုပ်ပွဲကြောင့် ဖွဲ့စည်းပုံပျက်ကာ တကွဲတပြား ထွက်ပြေးသွားသောကြောင့် လိုက်လံရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ တိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိချင်းကာကွယ်​ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းတို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံပန်းများကို လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး စစ်သုံပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရပါတယ်။

ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို အာရက္ခတပ်တော် AA မှ အထူးတိုက်ခိုက်ရေးသင်တန်းပေးခဲ့ကြောင်းလည်း သိရပါတယ်။

Related posts

စစ်ကောင်စီကိုဖျက်သိမ်းပြီး  နိုင်ငံတော်လုံခြုံ‌ရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်း

Rakhita Times

ကျောက်ဖြူ ချောင်းမြောင်တွင် တိုက်ပွဲပြင်းထန်နေ

Rakhita Times

ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာအလုပ်သမား ခေါ်ယူရန် ကမ်းလှမ်း

Rakhita Times

4 comments

rent yacht montenegro 515 မေ 5, 2026 at 7:28 ညနေ

Montenegro yacht rental yacht rental Montenegro

Reply
Charleshaire မေ 9, 2026 at 11:18 မနက် Reply
uakino 474 မေ 9, 2026 at 2:01 ညနေ

фільми онлайн дроп

Reply
Jamesneeks မေ 10, 2026 at 9:38 မနက်

Interested in UFC? Topuria vs Gaethje unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.

Reply

Leave a Comment