NewsPolitic

MNDAA အပစ်ရပ်တဲ့အပေါ် စစ်ကောင်စီ ဘယ်လို တုံ့ပြန်လာမလဲ

အာရက္ခတိုင်းမ်စ် (၅ ဒီဇင်ဘာ ၂၀၂၄ ခုနှစ်)

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က တရုတ်ရဲ့ ကြားဝင် စေ့စပ်မှုအောက်မှာ ဒီဇင်ဘာ ၃ ရက်နေ့က စပြီး တစ်ဖက်သတ် အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

‌နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး စစ်ကောင်စီတပ်တွေကိုလည်း MNDAA ဘက်မှ အစပြု တိုက်ခိုက်မှာ မဟုတ်သလို၊ စစ်ကောင်စီဘက်ကလည်း ဝေဟင်နဲ့ မြေပြင်ထိုးစစ်ဆင်နေတာတွေကို ရပ်စဲပေးရမယ်လို့လည်း တောင်းဆိုထားတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လားရှိုးအပါအဝင် စစ်ကောင်စီဘက်မှ နယ်မြေ ဆုံးရှုံးထားတာတွေ အများအပြား ရှိနေတာကြောင့် မြေပြင် ထိုးစစ်ဆင်နေတာကို ရပ်စဲပေးဖို့ တောင်းဆိုတဲ့အပေါ် လိုက်လျောမှာ မဟုတ်လောက် ဘူးလို့ မြန်မာ-တရုတ် အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဗမာပြည်က ပြဿနာအားလုံးက စကစ အပေါ်မှာပဲ အဓိက မူတည်တာပေါ့။ သူက သူရထားတဲ့ အခွင့်ထူး တွေကို ဘယ်လောက်လျော့နိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တာ။ အဲဒီတော့ လောလောဆယ်တော့ စကစ လျော့ဖို့ မလွယ်သေးဘူး။ ဒီအခွင့်ထူးတွေကို လက်လွှတ်ရမှာစိုးလို့ သူတို့ ဖြစ်နေကြတာ။ အဲဒီတော့ ဒီဟာတွေကို လက်လွှတ်ပေးဖို့အတွက် သူတို့ မစဉ်းစားသေးဘူး။ စကစက သူလက်လွှတ်ထားတဲ့ဟာတွေကို သူပြန်တိုက်မယ် တို့ ခြိမ်းခြောက် ဟိန်းဟောက်ထားတာတွေရှိတာကို။ ကျန်တဲ့လူတွေကလည်း ထုတ်ပြန်တဲ့အထဲမှာ အကုန်ပါပြီးသား သူတို့ နယ်မြေကို သူတို့ ကာကွယ်ခွင့်ရှိတယ်ဆိုပြီးတော့ သူတို့ကလည်း သူတို့ရထားတဲ့ နယ်မြေတွေကို တစက်မှ အလျော့ပေးမှာ မဟုတ်ဘူး။ ဒီကာလမှာ အဲဒီဒေသလေးတွေကို တည်ငြိမ်အောင်၊ ခိုင်မာအောင် လုပ်နိုင်ရင်တော့ တော်လှန်ရေးအတွက် တဆင့်မြင့်လာတဲ့ လွတ်မြောက်တဲ့ ဒေသလေးတွေ ဟိုနေရာပေါ်၊ ဒီနေရာပေါ် ဖြစ်လာနိုင်ပါတယ်” လို့ သူက ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအပေါ် တက်တက်ကြွကြွပါဝင်ပြီး လားရှိုးတိုက်ပွဲအပါအဝင် နှစ်ဖက်တပ်အကြား ဖြစ်နေတဲ့ ကိစ္စတွေကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းသွားမယ့်အကြောင်း၊ ကိုးကန့်တပ်အနေနဲ့ မြန်မာပြည်ကနေ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်မှာ မဟုတ်ကြောင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် တောင်းဆိုနေတာသာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံပေမဲ့ ခုခံကာကွယ်ခွင့်ကိုတော့ ဆက်လက်စွဲကိုင်သွားမှာ ဖြစ်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးတွေမှာလည်း MNDAA ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ်လို့ ပြောပါတယ်။

MNDAA ရဲ့ လက်ရှိ ထုတ်ပြန်ချက်ဟာဟာ အရင်တုန်းက ထုတ်ပြန်ချက်တွေနဲ့ မတူဘဲ ထူးခြားတာတွေ မပါဝင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

“ဒီဟာကလည်း ဘာမှ အထူးအခြား မရှိပါဘူး။ အရင်တုန်းက ဦးသိန်းစိန်တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့ဖူးပါတယ်။ TNLA တို့ MNDAA တို့က သူတို့ရဲ့ နောက်ခံက တရုတ်ပဲရှိတယ်။ ဘာမှ အသစ်ဖြစ်ပုံ မရဘူး။ ဒီကိစ္စနဲ့ ပတ်သက်ရင် ထင်တာကတော့ ဒါကို တရုတ်က ကြားဝင်ပြီးတော့မှ မပြောလို့ရှိရင် မပြီးဘူးပေါ့” လို့ ပြောပါတယ်။

MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်မြောက်ပိုင်း မြို့အတော်များများကို ထိန်းချုပ်ထားတာပါ။

ရှမ်းပြည်မြောက်ပိုင်း လားရှိးမြို့ကိုလည်း MNDAA တပ်တွေ ထိန်းချုပ်ထားပြီး၊ စစ်ကောင်စီဘက်ကတော့ အဲဒီဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

အဲဒီအပေါ်မှာ တရုတ်နိုင်ငံကတော့ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေ ရပ်စဲဖို့ သက်ဆိုင်ရာအဖွဲအစည်းတွေကို ဖိအားပေး တိုက်တွန်းနေသလို MNDAA နဲ့အတူ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း နိုင်ငံရေးဆွေးနွေးဖို့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကို လက်ခံတယ်လို့ ပြောထားကြပါတယ်။

Related posts

မရာတပ်ကို ဆက်ကူညီမယ်လို့ AA ပြော

Rakhita Times

မီဇိုယာဥ်မောင်း သေဆုံးလို့ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မည်

Rakhita Times

ငြိမ်းချမ်းရေးဆွေးနွေးဖို့ TNLA နဲ့ စစ်ကောင်စီတို့ တရုတ်ရောက်နေ

Rakhita Times

7 comments

Casino_vzkt မတ် 24, 2026 at 4:21 မနက်

Pinco Casino открывает мир азартных развлечений с удобной платформой.
[url=https://7v4.casino/]Пинко Казино[/url]
Платформа отличается стабильной работой и высоким уровнем безопасности.

Reply
Casino_krkt မတ် 26, 2026 at 4:53 ညနေ Reply
Camerontub မေ 5, 2026 at 10:58 မနက်

Entre nous jai perdu cette ambiance dans. Gain https://sidtm.edu.in/upcoming-events/test-event/ cest moyen assez sympa a la.

Reply
2026___xlst မေ 12, 2026 at 5:13 ညနေ

Перед регистрацией в новой БК внимательно изучил сравнение условий по бонусам https://news-pmr.ru/zhizn-v-internete/chto-takoe-vinlajjn-fribet-i-kak-on-rabotaet/. Аналитика выглядит объективной, и после этого проще выбирать букмекера.

Reply
stabgenEl မေ 19, 2026 at 7:15 ညနေ

Продаётся суперский сайт с возрастом по продаже газонокосилок [url=https://stab-gen.ru/]https://stab-gen.ru[/url]. По вопросам покупки пишите на info@stab-gen.ru.

Reply
GeorgeLix မေ 29, 2026 at 8:01 ညနေ

Монтаж сайдинга в Молодечно без посредников. Цены ниже рыночных. Выезд на замер в удобное время. Любые работы: от демонтажа старой обшивки до установки отливов и козырьков. обшивка дома сайдингом молодечно</a

Reply

Leave a Comment