NewsPolitic

မောင်တောခရိုင်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ပြီးဆုံး

အာရက္ခတိုင်းမ်စ် (၈ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောခရိုင်ပါတီကော်မတီရဲ့ ဦးဆောင်မှုနဲ့ အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၁၂ ရက်ကနေ နိုဝင်ဘာလ ၇ ရက်အထိ ၅၆ ရက်ကြာ ကျင်းပပြီး ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။

ပြိုင်ပွဲမှာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ရပ်ကွက်၊ တိုက်နယ်အသီးသီးမှ အသင်းတွေနဲ့ ULA/AA ရဲ့ စစ်ဘက်၊ အရပ်ဘက် ဌာနဆိုင်ရာတွေက အသင်းတွေ စုစုပေါင်း ၃၂ သင်း ပါဝင်ကစားခဲ့ကြပြီး ပြိုင်ပွဲကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

တပ်မှူးချုပ်ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ A2-FC အသင်းက မောက်သူဇာအသင်းကို ၆-၂ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ A2-FC က ပထမဆု၊ မောက်သူဇာအသင်းက ဒုတိယဆု၊ BTD Star အသင်းက တတိယဆု ရရှိခဲ့ပြီး ပထမဆုအတွက် ချီးမြှင့်တဲ့ ဒိုင်းဆုကို ကြေးပိဿာချိန် ၉ ပိဿာနဲ့ ထုဆစ်ထားတယ်လို့ သိရပါတယ်။

ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပပြီး မောင်တောခရိုင်ပါတီကော်မတီက တာဝန်ရှိသူတွေ တက်ရောက်ကာ ဆုရအသင်းတွေနဲ့ ထူးချွန်ကစားသမားတွေကို ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

ပြိုင်ပွဲကို မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ရက္ခိုင်၊ မူဆလင်နဲ့ ဟိန္ဒူဘာသာဝင် ပြည်သူ ထောင်ချီ လာရောက်ကြည့်ရှု အားပေးခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-ခ)

Rakhita Times

စကမက စက်သုံးဆီချွေတာရေး စုံနံပါတ်ပါတဲ့ကားတွေ စုံရက်မှာပဲ မောင်းနှင်ရမယ်လို့ဆို

Rakhita Times

ပုသိမ်တွင် အန္တရာယ်ကင်း ပဌာန်းရွတ်ရန် စာထုတ်တိုက်တွန်း

Rakhita Times

Leave a Comment