NewsPolitic

စစ်ပွဲကြားက ပေါင်းကူးပေးနေသော လူသားများ

အာရက္ခတိုင်းမ်စ် ( ၈ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် သံတွဲမြို့မှာ ကျန်ရစ်ခဲ့တဲ့ ပြည်သူတွေဟာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတဲ့အတွက် ရက္ခိုင်ပြင်ပရောက် မိသားစုတွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။

လွတ်မြောက်နယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို ထောက်ပံ့ပေးနိုင်ဖို့ အဝေးမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ သား/သမီးတွေထံက အဆက်အသွယ်၊ ငွေကြေးထောက်ပံ့တွေလည်း မရရှိတော့ပါဘူး။

တိုက်ပွဲတွေကြောင့် နိုင်ငံခြားရောက်နေတဲ့ သားလေးနဲ့ အဆက်အသွယ် ပြတ်တောက်သွားကြောင်း၊ အဲဒီနောက် လေးဝတီ (သံတွဲ) စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းကြောင့် အဆက်အသွယ် ရရှိခဲ့တယ်လို့ မသိန်းရင် (အမည်လွှဲ) က ပြောပါတယ်။

“ကျမမှာ သားလေး တစ်ယောက်ရှိတယ်။ သူက နိုင်ငံခြားကို ထွက်သွားတာ၊ အဆက်အသွယ်ကတော့ ခုချိန်ကတော့ ပြတ်နေတာပေါ့၊ ဒါပေမဲ့ လူမှုကူညီရေးအသင်းက‌တော့ တစ်ခါ ကျမတို့ကို ဆက်သွယ်ပေးလို့ ကျမ လစာတစ်ခါ ရဖူးပါတယ်။ အခုချိန်မှာ ပြန်လာပြတ်သွားတယ်လေ၊ သူတို့နဲ့ အခုချိန် အလှမ်းနည်းနည်း ဝေးသွားတဲ့အခါကြတော့ ကိုယ့်ကိုယ်လည်း သူမရှာနိုင်၊ သူ့ကိုလည်း ကိုယ်မရှာနိုင်သလို ဖြစ်သွားပါပြီ။ ပြီးရင် ညအခါကြရင် အိပ်ရ၊ ထိုင်ရတာလည်း အဆင်မပြေဘူး။ လေယာဉ်တွေက တစ်ဝီဝီ တစ်ဝမ်ဝမ်ပေါ့၊ သူတို့က ပစ်မှတ်ထားတာ စစ်ဘေးရှောင်စခန်းကို ပစ်မှတ်ထားတဲ့အခါကြရင်တော့ ကျမတို့မှာ သည်းထိတ်ရင်ဖို အိပ်ရပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားလာပြီးနောက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းပါ ပြတ်တောက်သွားပြီး ကျန်ရစ်ခဲ့တဲ့ လူဦးရေ ၁ သိန်းကျော်ဟာ သူတို့ရဲ့ မိသားစုတွေနဲ့ လက်ရှိ အချိန်ထိ အဆက်အသွယ် မရရှိတော့ပါဘူး။

တိုက်ပွဲကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိလာကြတဲ့ ပြည်သူတို့ရဲ့ အခက်အခဲကို မြင်တွေ့ရတာကြောင့် အဆက်အသွယ် ပြတ်တောက်နေတဲ့ မိသားစုတွေကို ပြန်လည်ဆက်သွယ်နိုင်ဖို့ ကူညီဖြစ်တာလို့ လေးဝတီ (သံတွဲ) စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ မပိုးဝါက ပြောပါတယ်။

“ကျမတို့က လေးဝတီသံတွဲစစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ဆိုပြီး ဖွဲ့ထားပြီးတော့ ပြည်တွင်း၊ ပြည်ပမှာ ရှိနေတဲ့ အလှူရှင်တွေကိုယ်စား စစ်ဘေးရှောင်စခန်းမှာ ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းဖြစ်ပါတယ်။ အဲဒီလိုမျိုး သွားရောက်ပြီးတော့ လှူဒါန်းတဲ့ အခါမျိုးမှာ မိသားစုတွေမှာ ပြည်တွင်းပြည်ပမှာ ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ညီကိုမောင်နှမတွေ ရှိကြပါတယ်။ သူတိုတွေနဲ့ အဆက်အသွယ်မရကြဘူး။ သူတို့တွေနဲ့ ငွေကြေးထောက်ပံ့မှု ရရှိဖို့ဆိုတာကလည်း အခုလို ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အခါမျိုးမှာ သူတို့တွေအနေနဲ့ အနေဆင်းရဲ အစားဆင်းရဲ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတာကို တွေ့မြင်ရပါတယ်။ အဲဒီလိုမျိုး တွေ့မြင်တဲ့အခါမှာ အခုလိုမျိုး အဆက်အသွယ်ပြတ်တောက်နေတဲ့ မိသားစုတွေကြားမှာ အဆက်အသွယ်လေးရရှိပြီးတော့ ငွေကြေးထောက်ပံ့မှုတွေ ရရှိအောင်လို့ အခုလိုမျိုးတွေ ကိုယ်နိုင်တဲ့ဖက်က ကူညီဆောင်ရွက်ပေးတာ ဖြစ်ပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သံတွဲမြို့နယ်အတွင်းက လူငယ်အများစုဟာ ရန်ကုန်၊ ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူတို့မှာ သွားရောက်အလုပ်လုပ်ကိုင်ကြတာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကိုမျိုးသိန်းက မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားတာ ၆ လကျော်အကြာမှာ လေးဝတီ(သံတွဲ)စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ အကူအညီကြောင့် မိသားစုဆီကို သတင်းစကား ပါးနိုင်ခဲ့ပါတယ်။

“အေး ပိုက်ဆံလွှဲပေးလိုက်ပြီ နှစ်သိန်းနဲ့ ရှစ်သောင်း လွှဲပေးလိုက်တယ်။ ကိုတေဇာဘားကို နှစ်သိန်းနဲ့ရှစ်သောင်း လွှဲပေးလိုက်တယ်။ ငါလည်း ကျန်းကျန်းမာမာရှိတယ်။ အမေလည်း ကျန်းမာအောင်နေလို့ ဆေးဝါးတွေလည်း ဝယ်သောက်အုန်း။ မုန့်ပဲသရေစာလည်း ဝယ်စားအုန်းလို့။ အားဖြည့်စာလေးတွေ၊ နင်လည်းစားအုန်း၊ နင့်အမေလည်း ကျွေးအုန်း၊ နင့်အကိုလည်း ကျွေးအုန်း၊ ကလေးနှစ်ယောက်ကိုလည်း ကျွေးလိုက်အုန်းလို့၊ ကလေးတွေအတွက်လည်း ပြန်လာရင် ဖုန်း၊ တက်ပလက် တစ်ယောက်တစ်လုံး ဝယ်လာခဲ့မယ်လို့ ဒီမှာ အဆင်ပြေတယ်လို့ အေးရာအေးကြောင်း အခုမှပဲ ငွေပို့ရတယ်ဝေး အဲဒါကြောင့် ငါမှာလည်း စုရသေးတယ်ဝေး အထောက်အထား လုပ်ရဖို့လေ မိန်းမရေး အထောက်အထားလုပ်ရဖို့ကြောင့် အဲဒါကြောင့် စုရသေးတယ်နော် အေးအေး နင်တို့လည်း နေထိုင်ကောင်းအောင်နေဝေး ငါလည်း ငါးလပိုင်းကုန်ရင် ပြန်လာတော့မယ် အားတင်းထားနော် ဘာမှ မပူနဲ့နော် ဖိုက်တင်း ဖိုက်တင်း အိုကေ”

အလားတူ ကိုမျိုးသိန်းရဲ့ မိသားစုတွေဟာလည်း ကိုမျိုးသိန်းဆီက ကူညီထောက်ပံ့ငွေ ရရှိပြီးတော့ သူတို့မိသားစုတွေရဲ့ သတင်းစကားကိုလည်း ပြန်လည်ပါးနိုင်ခဲ့ပါတယ်။

“သားရေ အမေတို့ အာလုံးနေကောင်းတယ် လေးဝတီသံတွဲစစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအဖွဲ့က ပိုက်ဆံလာပေးတာ ရတယ်။ နေထိုင်ကောင်းအောင်လည်း နေနော်။ ဒီမှာ အားလုံး နေထိုင်ကောင်းကြတယ်။ အဖေ နေကောင်းလား နေကောင်းအောင်နေ”

လေးဝတီ(သံတွဲ)စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ လိုင်းရရှိဖို့ သံတွဲမြို့နဲ့ ၂၀ မိုင်ကျော် ဝေးတဲ့ တောင်ကုန်းတွေဆီ သွားရောက်ကာ စစ်ပွဲကြား ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်‌ပေးရတာပဲ ဖြစ်ပါတယ်။

စစ်ပွဲကာလဖြစ်တဲ့အတွက် ငွေလွှဲ/ငွေထုတ်ရမှုတွေဟာ ရာခိုင်နှုန်း အဆမတန်မြင့်တက်နေပြီးတော့ စက်သုံးဆီဈေးနှုန်းတွေကလည်း ၁ လီတာကို ၃ သောင်းအထိ မြင့်တက်နေကြောင်း လေးဝတီ (သံတွဲ) စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ မပိုးဝါက ပြောပါတယ်။

“အခုလိုမျိုး ကူညီချိတ်ဆက်ပေးတဲ့အခါမှာ အခက်အခဲတွေကတော့ ထုတ်တဲ့ရာခိုင်နှုန်းတွေ မြင့်တက်နေတာအပြင် ထုတ်လို့အလွယ်တကူ မရနိုင်တာ‌တွေ၊ ပြီးတော့ ငွေလက်ခံမယ့်သူက ငွေပေးဖို့ သွားတဲ့အခါမှာ နဂိုရှိနေတဲ့ စစ်‌‌ဘေးရှောင်စခန်း ဒါမှမဟုတ် နေအိမ်ကနေပြီးတော့ ပြောင်းရွေ့နေထိုင်တာမျိုးတွေ ပြီးတော့ အလုပ်အကိုင်တွေ သွားရောက်ပြီး လုပ်ကိုင်နေတဲ့ အခါမျိုးတွေ စောင့်ဆိုင်းပြီးတော့ ပေးရတာမျိုးတွေ နောက်တစ်ခေါက်ပြန်ပြီးတော့ ပေးပေးရတာမျိုးတွေ ရှိပါတယ်။ အခုလိုမျိုး ဆီဈေးတက်နေတဲ့ကာလမျိုးမှာ အရမ်းကို ခက်ခဲပါတယ်”လို့ ပြောပါတယ်။

လေးဝတီ (သံတွဲ) စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဟာ အာရက္ခတပ်တော် သံတွဲမြို့ကို စတင်တိုက်ခိုက်နေတဲ့ အချိန်ကစပြီး စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဝေးကွာနေတဲ့ မိသားစုတွေကို ချိတ်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အဆက်အသွယ် ပြတ်တောက်နေတဲ့ သံတွဲမြို့နယ်အတွင်းက မိသားစုဝင် ၂၀၀ ကျော်ကို ချိတ်ဆက် ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Related posts

ရက္ခိုင်တွင် လေပြင်းတိုက်ပြီး မိုးကြီးနိုင်လို့ ရေကြီးမှုများ ဖြစ်နိုင်

Rakhita Times

နတ်ချောင်းရှိ စာသင်ကျောင်း အမိုးများ ပြုပြင်ရန် အကူညီလိုနေ

Rakhita Times

ကုန်ဈေးနှုန်းနဲ့ အလေးချိန် မှန်ကန်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လုပ်ဆောင်နေ

Rakhita Times

1 comment

Justinlub ဩဂုတ် 1, 2026 at 4:49 မနက်

Наркологическая помощь в стационаре — это шанс прервать замкнутый круг и сделать первый шаг к восстановлению. В стационаре рядом находится врач, средний медицинский персонал, медсестры и специалисты наркологии, которые контролируют пульс, давление, сон, реакции на препараты и динамику улучшения. Такой подход особенно важен при длительных запоях, когда организм человека уже истощен, а самостоятельный выход из запоя становится опасен для жизни.
Получить дополнительную информацию – вывод из запоя в стационаре клиника

Reply

Leave a Comment