NewsPolitic

ရခိုင်ယူနိုက်တက် လေးပွဲဆက် အနိုင်ရလို့ ကစားသမားနဲ့ နည်းပြအဖွဲ့ကို ၇၂ သိန်း ဂုဏ်ပြုဆုငွေ ချီးမြှင့်

အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၆)

မြန်မာလိဂ်ပြိုင်ပွဲမှာ လေးပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ ရခိုင်ယူနိုက်တက် ဘောလုံးအသင်းရဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို အသင်းဒါရိုက်တာတွေ၊ ဥက္ကဋ္ဌ ဦးကျော်လွှင်နဲ့ နည်းပြချုပ် ဦးမိုးဟိန်းမြင့်တို့က စုစုပေါင်း ကျပ် ၇၂ သိန်း ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဆုငွေက ပွဲစဉ်တွေအတွင်း အသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်စွာ ကစားခဲ့မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တာလို့ အသင်းက ဆိုပါတယ်။

ရခိုင်ယူနိုက်တက်အသင်းက ကွင်းအတွင်း၊ ကွင်းပြင်ကနေ အားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှုက အသင်းရဲ့ အောင်မြင်မှုအတွက် အရေးပါတဲ့ အင်အားဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှေ့လာမယ့်ပွဲစဉ်တွေမှာလည်း ပိုကောင်းတဲ့ရလဒ်တွေ ရရှိအောင် ဆက်ကြိုးစားသွားမယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

Related posts

မြောက်စမ်းအမြောက်တပ်မှ စစ်ကား အများအပြား ပုသိမ်ကိုသွား၊ ဒဏ်ရာရ စစ်သားတွေကို သယ်ထုတ်တာဖြစ်နိုင်

Rakhita Times

AA ထောက်ပို့ ဗိုလ်ယက္ခလို့ ခေါ်ဆိုနေသူဟာ အတာ ဆိုသူဖြစ်ပြီး တရားခံပြေးသာဖြစ်တယ်လို့ ဦးခိုင်သုခပြော

Rakhita Times

ငွေကြေးအလွဲသုံးစားလုပ်လို့ သံတွဲ ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ တိုင်ကြားခံရ

Rakhita Times

Leave a Comment