Interview

ပြည်ပမှာ ပွင့်လန်းနေတဲ့ မြေမဲ့ပန်း

အာရက္ခတိုင်းမ်စ် (၁၀ ဒီဇင်ဘာ ၂၀၂၄)

စစ်တပ်အာဏာသိမ်းပြီးနောက် မဒေးဒေးဟာ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို သူဖွင့်ထားတဲ့ ဆိုင်ကိုလည်း လူငယ်တွေရဲ့ ဆုံမှတ်လို ဖြစ်နေတာကြောင့် အာဏာပိုင်တွေအတွက် မျက်စေ့ဆံပင်မွေး ဆူးစေခဲ့ပါတယ်။

အဲဒါကြောင့် ၂၀၂၂ ဇူလိုင်လမှာ သူမကို ရဲတပ်ဖွဲ့ဝင်တချို့က လာရောက် ခေါ်ဆောင်သွားပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

ရက္ခိုင်ပြည် သံတွဲမြို့သူ မဒေးဒေးဟာ အာရက္ခတပ်တော်မှ သံတွဲမြို့သိမ်းတိုက်ပွဲ အပြီးမှာ သံတွဲထောင်မှ လွတ်မြောက်လာပြီး သူမရဲ့ ပထမဆုံး ပန်းချီပြပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဒီဇင်ဘာ ၈ ရက်ကနေ ၁၀ ရက်အထိ ပြသခဲ့တာပဲ ဖြစ်ပါတယ်။

မြေမဲ့ပန်း – Rootless Bloom ပြပွဲကို သံလွင်ခက်သတင်းဌာနက ဦးစီးပြီးတော့ ပန်းချီ ဆရာ/ဆရာမတွေဖြစ်တဲ့ DaydayZoyar နဲ့ EDO Vader၊ ကရင်နီပြည်က ကိုမင်းထက်စံရဲ့ ဓါတ်ပုံတွေနဲ့ သတင်းသမားကာလအတွင်းရိုက်ဖြစ်ခဲ့တဲ့ စစ်ရှောင်စခန်းက ဓါတ်ပုံတွေ၊ စစ်အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးအရ နေအိမ်စွန့်ခွာတိမ်းရှောင်နေရတဲ့ကြံ့ကြံ့ခံ မြေမဲ့ပန်းတွေရဲ့ ရုန်းကန်ဖြတ်သန်းနေရတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတွေကို စုစည်းပြသထားခဲ့တာပဲ ဖြစ်ပါတယ်။

Related posts

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကျမ လုံးဝလက်မခံဘူး

Rakhita Times

AA အနေနဲ့ သိမ်းပိုက်နယ်မြေ ပြန်မပါဖို့ ကာတိုက် တိုက်နေရမယ်လို့ ဦးကြီးမြင့်ပြော

Rakhita Times

အသား ငါး မစားဘဲ မင်းအောင်လှိုင်အသား စားလိုက်ချင်တယ်

Rakhita Times

1 comment

hghjfjdoss_wrkr ဧပြီ 17, 2026 at 6:40 မနက်

Discover the amazing features of [url=https://hghjfjdossa.netlify.app]hghjfjdossa[/url] and elevate your experience today.
This evolution has expanded the breadth of study fundamentally.

Reply

Leave a Comment