NewsPolitic

ကမ်းထောင်းကြီးကို စစ်ကောင်စီဗုံးကြဲ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၃ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဒီနေ့မနက် ၁နာရီလောက်က လေယာဉ်ဖြင့် ဗုံးလာကြဲသဖြင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရပါတယ်။

“ဆေးရုံ နဲ့ စာသင်ကျောင်းကို လေယာဉ်နဲ့နှစ်ခါလာပြီး ဗုံးသုံးလုံးကြဲတယ်။ တစ်လုံးက အထက်တန်းကျောင်းကို တစ်လုံးနဲ့ ဆေးရုံကို နှစ်လုံးကျတယ်။ ဆေးရုံနားက အရီးတစ်ယောက်တော့ ဆုံးသွားတယ်” လို့ ကမ်းထောင်းကြီးမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၅ရက်ကလည်း လေယာဉ်ဖြင့် ဗုံးလေးလုံးနဲ့ မြောက်ဘက်ဘုန်းတော်ကြီးကျောင်း၊ လေးဝတီဘုန်းတော်ကြီး နဲ့ ရဲစခန်းတို့ကို ဗုံးကြဲသဖြင့် သုံးဦးသေဆုံးခဲ့ပြီး ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီမှ ရက္ခိုင်ပြည်အနှံ့ကို နေ့စဉ်ရက်ဆက်ဆိုသလို လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေသဖြင့် ဒေသခံများမှာ စိုးရိမ်စိတ်နဲ့ နေနေရကြောင်း သိရပါတယ်။

“နေ့တိုင်းကို ခေါင်းပေါ်ကနေ လာလာဝဲတယ်။ နေ့တိုင်း မကြဲတာပဲရှိတယ်။ လေယာဉ်သံကြားရင်ကို လူက တုန်နေကြပြီ။ စားကောင်းတိုင်း မစားနိုင်၊ အိပ်ကောင်းတိုင်း မအိပ်ရဲကြဘူး” လို့ သ့တွဲမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်က ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ အမ်း စတဲ့ ၁၄မြို့နယ်တို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Related posts

ကျောက်တော်ဖြစ်စဉ်ဟာ စစ်ကောင်စီရဲ့ ပစ်ခတ်ရပ်စဲမှု ချိုးဖောက်တဲ့ မှတ်တမ်းလို့ HDCO ပြော

Rakhita Times

အာရက္ခမျိုးဆက်သစ် လူငယ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ AA သတိပေး

Rakhita Times

ကျိန္တလီကို ရွေးတုတပ် ဗုံးကြဲလို့ ပြည်သူ ၈ ဦး အစုလိုက် အပြုံလိုက် သေဆုံး

Rakhita Times

8 comments

Leave a Comment