NewsPolitic

မြောက်ဦးကို စစ်ကောင်စီ ဗုံးလာကြဲ၊ ပြည်သူ ၃ ဦးသေ လို့ ကနဦး သိရ

အာရက္ခတိုင်းမ်စ် (၁၂ နိုဝ်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့ကို စစ်ကောင်စီက ဒီကနေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ ဗုံးလာကြဲလို့ ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။

“မြောက်ဦးကို ဖြတ်သွားရင်းနဲ့ ချခဲ့တာပါ။ တစ်လုံးချခဲ့ပါတယ်။ ကြက်ဈေး စာသင်ကျောင်းနားကို ကျတာပါ။ ၃ ယောက် သေတယ်လို့တော့ ကြားပါတယ်” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့လည်း ဆိုပြီး ဆေးရုံ၊ ဘုန်းကြီးကျောင်းနဲ့ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဒရုန်းတွေနဲ့ ဗုံးကြဲတာကို AA ဘက်က ပြန်လည်လက်တုံ့ပြန်သွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

Related posts

ကျောက်ဖြူက စစ်ဘေးရှောင် ၃ ဦးကို စကမ ဖမ်းဆီး

Rakhita Times

သက်ငယ်မုဒိန်းကျူးလွန်သူကို အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ မြောက်ဦးလူငယ်များအစည်းအရုံး တောင်းဆို

Rakhita Times

သိမ်းပိုက်ထားတဲ့ မြို့တွေကို ULA/AA က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်

Rakhita Times

Leave a Comment