ArticelsPolitic

သမိုင်းထဲက ရမ္မာဝတီ

Featured Video Play Icon

အကာလ ညအမှောင်မှာ ကျဆုံးခဲ့ကြတာ မဟုတ်ပါ။ နေမင်းကြီး အလင်းရောင်ကို အခွင့်ရေးတစ်ရပ်လို အသုံးချကာ အနားယူချိန် နေ့လည် ၁ နာရီမှာ အငြိုးကြီးကြီး ဗုံးမိုးကြဲချခဲ့တာ။ တောင်တွေပတ်လည်ဝိုင်း၊ ရေတွေ ပတ်လည်ဝိုင်းထားတဲ့ ရမ်းဗြဲရဲ့ မတူကွဲပြားတဲ့ လူမျိုးတွေ စုပေါင်းနေထိုင်တဲ့ တိုက်နယ်။ ကျောက်နီမော် တဲ့။

အမြန်ရေယဥ်စီးပြီးသွားရင် ဆိုက်ဆိုက်နေတဲ့ ဆိပ်ကမ်းလေး။ ဂဏန်းနဲ့ ဒေသထွက်သားငါးတွေ လှိုင်လိုင်ပေါတဲ့အရပ်။ ရက္ခိုင်ခေတ်သစ်သမိုင်းမှာ သီတာထွေးက အစပြုပြီး ပဋိပက္ခတွေ အစပြုခဲ့တဲ့အရပ်မို့ မသိသူ မရှိသလောက်ပါပဲ။

ရမ်းဗြဲကို တိုက်နယ်တွေနဲ့ ဖွဲ့စည်းထားတယ်။ ရမ်းဗြဲဟာ ကဿပမြတ်စွာဘုရားရှင် လက်တော်က အစပြုခဲ့တယ်။ ရဟန္တာငါးရာနဲ့ ဒေသစာရီ ပင်လယ်ခရီးကြွချီရာ ဝမ်းဘဲငှက်သဏ္ဌာန် ဒီကျွန်းကို မြင်တော်မူရာက ကောင်းကင်ယံမှ ဆင်းသက် ရပ်တန့်တော်မူပြီး သာသနာတော်စည်ပင် ပွင့်လင်းဖို့ ဗျာဒိတ်တော် မိန့်ခဲ့တယ်။ တနည်းအားဖြင့် ရမ္မာဝတီလို့ ခေါ်ပြန်တယ်။ ရမ္မာ “မွေ့လျော်ဖွယ်ကောင်းသော၊ ဝတီ “ပြည့်စုံခြင်း” အဓိပ္ပာယ် သက်ရောက်မှုနဲ့ ရမ်းဗြဲဟာ ရမ္မာဝတီအဖြစ် တည်ရှိခဲ့တယ်။

ရန်သူ့လက်ပါးစေတွေ ဗုံးကြဲချလိုက်တဲ့ ရမ်းဗြဲဟာ ဧရိယာ ၁,၃၅၀ စတုရန်း ကီလိုမီတာ (၅၂၀ စတုရန်းမိုင်) နဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကျွန်း၊ အာရှမှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ ဝမ်ဗိုက်ဒီရေတော၊ ဒုတိယကမ္ဘာစစ်အတွင်းက ဒီရေတောထဲမှာ ဂျပန်စစ်တပ်ကြီး ပျောက်သွားတယ်ဆိုတဲ့ ရမ်းဗြဲလေ။

တော၊ တောင်၊ မြစ်၊ ချောင်းတွေ ပေါပါဘိ။ ပင်လယ်ကမ်းခြေ ကျယ်ပါဘိ၊ သားငါး သီးနှံပေါပါဘိ။ ဒေသခံတွေရဲ့ စကားတွေက နာဝင်ချိုသာစွာ ရမ်းဗြဲသံ၊ ရမ်းဗြဲဟန်နဲ့ ရမ်းဗြဲမာန် အပြည့်ပါပဲ။ ရမ်းဗြဲဆားလောင်းကြီးတွေသာ ကြီးတာမဟုတ်ဘူး။ ရမ်းဗြဲသူ၊ ရမ်းဗြဲသားတွေဟာလည်း လူကောင်ထွားထွားတွေ။

ရမ်းဗြဲဟာ သမိုင်းနဲ့ပါ…. ကဿပမြတ်စွာဘုရားရှင် ဗျာဒိတ်တော်ပေးခဲ့တယ်။ နားမွှေးတော်စေတီနဲ့ စိန်တောက်ချောင်းနံဘေးမှာ လွမ်းစရာပုံပြင်တွေနဲ့ ဟုတ်ပါတယ်။ ရမ်းဗြဲဟာ သမိုင်းနဲ့ပါ။

ရတနာသုံးပါးကို ဦးထိပ်ပန်၊ ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲတဲ့ ကံတိုင်းတိုက်နယ်၊ အတွင်းပြင်ရွာသူကလေး မဲကျီ။ ကံကြမ္မာ လှည့်ပြောင်းချင်လာတော့ မမျှော်လင့်ဘဲ ရခဲ့တဲ့ ပတ္တမြား။ ဒီပတ္တမြားကြောင့် ကျေးတောသူလေးရဲ့ ဘဝဟာ မြောက်ဦးရွှေနန်းတော်အထိ‌ ပေါက်ကြား။ သာမန်ဆို ဘုရင့်ဆုတော် လဘ်တော်တွေပေးရင် ရသား။ ဒါပေမယ့် ပတ္တမြားကို ဘုရင်သိမ်းတော့ ခဏချင်း ပိုင်ရှင်စစ်ဆီကို ပြန်ပြန်ရောက်ခဲ့တယ်။ လူရော ပတ္တမြားပါ ‌ရွှေနန်းတော်သို့ ဆက်ကပ်။ မိဖုရားရဲ့ နာမည်က ပတ္တမြားဒေဝီစိုးမဲကျီလို့ တွင်တယ်။

ရက္ခိုင်သမိုင်းမှာ ဘုရားတည်၊ ကျောင်းဆောက်၊ အလှူအဒါန်းသမိုင်းမှာ ပတ္တမြားဒေဝီမိဖုရားလောက် ခမ်းနားတာ မရှိလို့ ဆိုရမလိုပါပဲ။ ဒီ့ထက် ပြည်သူတွေ ချစ်ခင်၊ ကြင်နာခဲ့ကြတာက မိဖုရားကြီးရဲ့ သစ္စာတရားပါပဲ။ ကောင်းမှုတော်စေတီတည်ဖို့ ငယ်ကကျွမ်းခဲ့ဖူးသူ ပန်းရံဆရာရွှေသီးကို နန်းတော်သို့ ဆင့်ခေါ်ရာက မမျော်လင့်ဘဲ ပြေလျော့ခဲ့တဲ့ ဝတ်ရုံတော်။ ငယ်ချစ်သူကို ရုပ်တရက် မော်ဖူးခဲ့သူက ‌ရွှေသီး။ ကုန်းချောသူတို့ရဲ့ အကြံအစည်။ ဘုရင်ရဲ့ တစ်ချက်လွတ်အမိန့်တော်က ထိုချစ်သူနှစ်ဦးကို “သတ်စေ”။

စိန်တောက်ချောင်းရေပြင်မှာ ငခန္ဓာရေဆီတက်ပြီး သစ္စာကို အသက်နဲ့ရင်းပြခဲ့တဲ့ မိဖုရား။ မိဖုရားရဲ့ သစ္စာဟာ ရမ္မာဝတီတိုက်နယ်ကနေ အာရက္ခလွင်ပြင်မှာ ပျံ့လွင့် လွမ်းမောခဲ့ရတယ်။ အာရက္ခကလေးတွေရဲ့ အိပ်ရာဝင် ပုံပြင်တစ်ပုဒ်။ ရမ်းဗြဲဟာ သမိုင်းနဲ့ပါ။

“အင်း၊ ဗန်း၊ မျက်၊ ညောင်၊ ကိုရံတောင်၊ တောင်ရံငါးလုံး၊ ပိတ်ဖုံကွယ်ကာ၊ မြို့ရမ္မာ အောင်းတောင်၊ ဗဟန်းတောင်၊ ရေမျက်တောင်၊ ညောင်တောင်၊ ကိုရံတောင် စတဲ့ တောင်ရံကြီး ငါးလုံးနဲ့ မြို့ကို ပိတ်ဖုံးကာကွယ်ထားတဲ့ ရမ္မာဝတီမြို့။ အတိတ်ကို ပြန်ကြည့်လိုက်ရင် မိဖုရားကြီး ပတ္တမြားဒေဝီလို နောက်ထပ် မိဖုရားတစ်ပါးရဲ့ ဘဝကလည်း နာကြင်ဖွယ်ဇာတ်လမ်းနဲ့ အတိတ်ကို ဖွင့်ပြနေတဲ့ ရမ်းဗြဲ။ ‌

မြောက်ဦးရဲ့ နောက်ဆုံး ရက္ခိုင်တို့ရဲ့ နောက်ဆုံး ဘုရင်မဟာသမ္မတရာဇာမင်းကြီးနဲ့ မိဖုရားမြသန္တာတို့ရဲ့ ဇာတိ။ ၁၁၄၆ခု၊ ပြာသိုလဆုတ် ၇ ရက် တိုင်းပြည်အချုပ်အချာအာဏာ ကျဆုံးတဲ့အချိန် ဘုရင်နဲ့ မိဖုရားအပါဝင် မင်းညီ၊ မင်းသားအားလုံး အမရပူရကို ပါတော်မူ။

ဘိုးတော်ဘုရားရဲ့ ဖိအားပေးမှုနဲ့ ငယ်ကချစ်သူ လင်ယျော်ကို အသပြာ ၁၀၀၀ နဲ့ ကွာရှင်းပြတ်စဲခြင်း ခံလိုက်ရတဲ့ မိဖုရား။ စစ်ရှုံးဘုရင်တစ်ပါးအပေါ် နိုင်ထက်စီးနင်းလုပ်မှုတွေအထဲမှာ ဒီလိုမျိုး အတင်းအဓမ္မ ကွာရှင်းခိုင်းပြီး မိဖုရားကို သိမ်းပိုက်လိုက်တာဟာ လူမျိုးတစ်မျိုးပေါ် ဂုဏ်သိက္ခာအရ ချိုးနှိမ်လိုက်တာပါပဲ။ သူတပါးတိုင်းပြည်မှာ စစ်ရှုံးဘုရင်အဖြစ်နဲ့ ဘဝနိဂုံးချုပ်၊ သက်တော်အရွယ်ရလာတဲ့ မိဖုရားက ကိုယ့်ပြည်ရွာမှာ သေလိုပါ၏လို့ တောင်းပန်လျှောက်ထားမှ ပြည်တော်ပြန်ခွင့်ပြု။ ကိုယ်ရံတောင်မှာ မိဖုရားရဲ့ အရိုးဂူ ဖြူဖြူကလေးဟာ ရမ္မာဝတီနဲ့ ရက္ခိုင်တို့ရဲ့ နှလုံးအိမ်ထဲမှာ မျက်ရည်အတိ ပြီးစေခဲ့တယ်။

ပတ္တမြားဒေဝီနဲ့ မြသန္တာမိဖုရားတို့ဟာ ဘာကြောင့် ဘဝတွေ နာကြင်ခဲ့ရပါလဲ။ ရမ်းဗြဲသူ မိဖုရားနှစ်ပါးရဲ့ ကြံကမ္မာတွေက ဘာကြောင့်များ တိုက်ဆိုင်နေရတာလည်းလို့ စဥ်းစားမိလေ လွမ်းမောလေ။ လွမ်းမောမိလေ… စိတ်ထဲ နာကြင်ရပါလေ။ ရမ်းဗြဲဟာ သမိုင်းနဲ့ပါ။

ပထမအင်္ဂလိပ်မြန်မာ စစ်ပွဲပြီးတော့ ရက္ခိုင်ပြည်ဟာ အင်္ဂလိပ်လက်အောက်ကို ရောက်သွားခဲ့တယ်။ အဲဒီတုန်းက ရမ်းဗြဲဟာ ခရိုင်မြို့အဖြစ်နဲ့ ရှိခဲ့ပြန်တယ်။ ရမ်းဗြဲဟာ စာပေ၊ ယဥ်ကျေးမှုတွေနဲ့ ‌ဒေသရိယတွေ ပေါကြွယ်တဲ့ အရပ်။ ရက္ခိုင်တို့ရဲ့ သမိုင်းမှာ “ရက္ခိုင်ရာဇဝင်သစ်ကျမ်း” ကို ရေးသားခဲ့တဲ့ ရမ်းဗြဲတောင်ကျောင်းဆရာတော်ကြီးလို ကျမ်းပြုပုဂ္ဂိုလ်ကျော်တွေ ထွက်ပေါ်တဲ့ ဒေသ။ ရိုးရာလှေပြိုင်ပွဲတွေနဲ့ ဒေသအလိုက် ဇမ်းကဗျာတွေ ကြွယ်တဲ့ အရပ်။

“အဟုတ်ရာကေ၊ မှန်ပါယင့်လား၊ ပုလင်းဖြူမှာ၊ ရီကိုထည့်ပိုင်၊ ဇီတည့်မြင်ရေ၊ ပွင့်ညိုညိုနှင့် ပျိုချေမောင်ကို၊ ဟေမဝန်၊ နိုင်ငံတောမှာ၊ နတ်လည်းယူ၊ လူလည်းသုံးကေ၊ မြတ်ပန်းကုံးပိုင်”(မ)

“မောင်လွမ်းရေကေ၊ ပျိုချေမေလေ၊ ယင်းပုချေမှာ၊ အံကိုရွဲ့ဗျာ၊ ကဲ့ရဲ့ရေလား၊ လွမ်းမပြေကေ၊ ပျိုချေမေလေ၊ တစ်ရွာသူလေ၊ ဖြူပုလဲ သက်ခဲမေလေ၊ လွမ်းမပြေ၊ ပျိုချေမောင်ကား၊ ဟေမဝန်၊ နိုင်ငံတောမှာ၊ နတ်လည်းမယူ၊ လူလည်းမကောက်တေ၊ ပန်းခြောက်ဘိုးရာ။” (ကျား)။ ရမ်းဗြဲဟာ သမိုင်းနဲ့ပါ။ ပန်းရံ၊ ပန်းထိန်၊ ပန်းပုအတတ်ပညာတွေ တစ်ဖက်ခတ်အောင် ကျွမ်းကျင်စွာ တတ်ကြတဲ့ ရမ်းဗြဲ။ ရမ်းဗြဲဟာ သမိုင်းနဲ့ပါ။

အခုတော့ ရမ်းဗြဲအပေါ်က ဝဲ…ဝဲပျံကြတဲ့ လူသတ်သမားတွေအောက်မှာ ရမ်းဗြဲဟာ ရစရာမရှိအောင် ပြိုပျက်။ ရမ်းဗြဲရဲ့ မျက်ရည်တွေက ခမ်းဖို့ ခက်လိုက်တာ။ ရမ်းဗြဲရဲ့ နာကျည်းမှုတွေက ဖြေသိမ့်ဖို့ ခက်လိုက်တာ၊ ရမ်းဗြဲရဲ့ အသက်ရှုသံက ရှိုက်သံသက်သက်နဲ့ ခံရ ခက်လိုက်တာ။

မီးလောင်ပြင်ထဲက အော်ဟစ်ညည်းသံသံတွေ၊ ကျိန်ဆဲသံတွေ၊ အသားစ ငုတ်တိုလေးတွေ၊ ပွင့်ထွက်နေတဲ့ ဒဏ်ရာဒဏ်ချက်တွေ ဆို့နင့်နေတဲ့ ရှင်သန်ကျန်ရစ်သူတွေအတွက် ဘယ်ဆုကိုများ တောင်းပေးရမှာလဲ။ ရမ်းဗြဲ ဟာ သမိုင်းနဲ့ပါ။

စစ်မက်မရှိတဲ့အရပ် နေ့လည်နေ့ခင်း အနားယူကြတဲ့အချိန် မသတီစရာ လူအန္ဓတွေက အဆင်မခြင်မဲ့ သူရဲဘောကြောင်စွာ လက်နက်အားကိုး ဗုံးမိုးရွာချလေတော့ ခံရခက်လိုက်တာ ရမ်းဗြဲရယ်…။

မီးထဲပါသွားတဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရှင်ကျန်ရစ်တဲ့သူတွေရဲ့ ခံစားချက်တွေ ဘယ်တော့မှ ဖြေပျောက်တော့မှာလဲ ရမ္မာဝတီ။ မိဖုရားကြီး ပတ္တမြားဒေဝီကစလို့ မိဖုရားမြသန္တာအရိုးဂူ၊ ကျောက်နီမော်သူ သီတာထွေး အုတ်ဂူအဆုံး ရမ်းဗြဲဟာ သမိုင်းတစ်ခု တာဝန်ကျေပွန်ခဲ့ပါပြီ။

တစ်နေ့တော့ မီးသင့်နေတဲ့လက်တွေ၊ အမြောက်ဆန်ထိထားတဲ့လက်တွေနဲ့ ရမ်းဗြဲရဲ့ သမိုင်းသစ်ကို အတူတူရေးကြတာပေါ့။ ရမ်းဗြဲရဲ့ ကျေးလက်ကဗျာတွေကို ဆို့နင့်စွာ အတူဆိုကြတာပေါ့။ ရမ်းဗြဲရဲ့ ပြာအတိလွင်ပြင်ကို ခမ်းနားစွာ တည်ဆောက်ကြတာပေါ့။ အခုတော့ ဖြေသိမ့်စရာ မရှိသေးလို့ပါ……… ချစ်ရတဲ့ ရမ္မာဝတီရယ်…..

အားပေး နှစ်သိမ့်စရာ စကားလုံး ရှာမတွေ့သေးလို့ပါ ရမ်းဗြဲရယ်…။

လူဇော်

Related posts

ခရီးသွားရာတွင် ခွဲခြားဆက်ဆံခံရခြင်းမရှိလို့ သံတွဲဒေသခံ မူဆလင်တွေပြော

Rakhita Times

နပခဌာနချုပ် နဲ့ ရှစ်မိုင်ကျော်အကွာက မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်

Rakhita Times

နတ်ရေကန်တိုက်ပွဲကို စကမရဲ့ မစခ-၉၀၅ က လက်နက်ပစ်ကူပြီး ရိက္ခာကို လေကြောင်းကနေပို့နေ

Rakhita Times

9 comments

https://atavi.com/ မေ 27, 2026 at 5:57 မနက်

References:

Casino san clemente https://atavi.com/

Reply
https://pod.tek.us/ ဇွန် 24, 2026 at 7:32 ညနေ

References:

Casino slot machine games https://pod.tek.us/

Reply
www.soundofrecovery.org ဇွန် 25, 2026 at 10:31 မနက်

References:

Casino gta v http://www.soundofrecovery.org

Reply
https://doc.adminforge.de/s/WDRCn6I3cD ဇွန် 25, 2026 at 11:18 မနက်

References:

Legiano Casino Bonus Code https://doc.adminforge.de/s/WDRCn6I3cD

Reply
hbcustream.com ဇွန် 25, 2026 at 9:45 ညနေ

References:

Craps fire bet hbcustream.com

Reply
https://telegra.ph/ ဇွန် 26, 2026 at 2:07 ညနေ

References:

Legiano Casino Bonus Code https://telegra.ph/

Reply
https://quickdatescript.com/ ဇွန် 27, 2026 at 1:20 မနက်

References:

Legiano Casino Umsatzbedingungen https://quickdatescript.com/

Reply
645123.com ဇွန် 27, 2026 at 5:33 မနက်

References:

Legiano Casino Auszahlungslimit 645123.com

Reply
https://platform.giftedsoulsent.com/ ဇွန် 27, 2026 at 6:16 မနက်

References:

Legiano Casino Support https://platform.giftedsoulsent.com/

Reply

Leave a Comment