NewsPolitic

မြောက်ဦးကို လေယာဉ်ဖြင့် ၃ ကြိမ်ဆက်တိုက် ဗုံးကြဲသဖြင့် ၂၈ ဦးသေ၊ ၂၅ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၉ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ် စစ်ကောင်စီသုံ့ပန်းများထားရှိရာ ရမ်းချောင်းကို မနေ့က (၁၈ ဇန်နဝါရီ) စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် နဲ့ အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၁၈ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၄၆ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် လာရောက်ကြဲခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီ လာရောက် ဗုံးကြဲတဲ့ ရမ်းချောင်းတွင် အာရက္ခတပ်တော်က မကြာခင် ပြန်လည် လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းမိသားစုများကို ထားရှိရာနေရာဖြစ်ပြီး အာရက္ခတပ်တော်က ခေတ္တခဏ ထိန်းသိမ်းထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်တွင် စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ရက္ခိုင်ပြည်ကို နေ့စဉ်ရက်ဆက်ဆိုသလို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခြင်း ပြုလုပ်နေပြီး အာရက္ခပြည်သူတွေ အနေနဲ့ လေကြောင်းရန် အန္တရာယ်ကို ပိုမိုသထိထားကြပါရန် နဲ့ အင်တာနက် ဖုန်း သုံးစွဲမှုကို ပိုမိုသတိထားကြရန် အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

Related posts

စစ်ကော်မရှင်ကြောင့် သာသနာရေးဆောင်ရွက်ရန် ပြင်းထန်စွာထိခိုက်ကြောင်း အာရက္ခပြည်သံဃာ့အကျိုးဆောင်အဖွဲ့ ဆို

Rakhita Times

စကမဘက်က တအားခုခံနေတဲ့အတွက် AA စစ်တွေကို သိမ်းနိုင်ဖို့ မလွယ်

Rakhita Times

စစ်ကော်မရှင် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပေါက်တောပြည်သူစာရင်း

Rakhita Times

Leave a Comment