NewsPolitic

စစ်တွေမြို့ နယ်စပ်ရေးရာဝန်ကြီးရုံး အနောက်ဘက်တွင် ကင်းပုန်းများချ

အာရက္ခတိုင်းမ်စ် (၂၀ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးရုံး အနောက်ဘက်တွင် ကင်းပုန်းတွေ ချထားတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မနေ့က (ဇန်နဝါရီ ၁၉ ရက်) အထိ အဲဒီလို ချထားတာမျိုး မရှိသေးဘဲ ဒီနေ့မှ မြင်တွေ့ရတာဖြစ်ကြောင်း၊ ဒါ့အပြင် စစ်တွေမြို့ လမ်းမကြီးတွေမှာလည်း ယူနီဖောင်းအပြည့်ဝတ်ထားတဲ့ ရဲတွေ ရှိနေကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွှေရိုးမဆီဆိုင်ဘေးနားက နယ်စပ်ရေးရာဝန်ကြီးများရုံး ရှိတယ်။ အဲဒီရုံးရဲ့ ဘေးနောက်ဖက်မှာ အကုန်လုံး ကင်းပုန်းတွေ ချထားတယ်။ ဘာအတွက်လဲတော့ မပြောတတ်ဘူး။ အဲဒီနေရာက စစ်တွေမြို့ အနေအထားနဲ့ ကြည့်ရင် ဒီနေ့အတွက်ကို ထူးဆန်းတယ်။ မနေ့ကအထိ မရှိသေးဘူး။ ဒီနေ့ ရဲတွေ‌ တောက်လျှောက် အပွင့်အကြီးကြီးတွေရော စစ်တွေအဝေးပြေးလမ်းလို့ ပြောရမှာပေါ့။ အဲဒီ လမ်းမတောက်လျှောက်ကို လောကနန္ဒာဘက်အခြမ်း တောက်လျှောက်ကို ယူနီဖောင်းတွေနဲ့ ရှိနေတယ်ဆိုတာကို ဒီနေ့ အနေအထား။ အရင်တုန်းက မရှိဘူး။ ခုမှ ဒီရက်ထဲ မနေ့ကအထိ မရှိဘူး ဒီနေ့မှ အသစ်ကို အသစ် သဲအိတ်တွေ ဘာညာဆိုတာ အသစ်ပဲ။ ဒီနေ့မှ လုပ်ထားတာ။ နယ်စပ်ရေးရာဝန်ကြီးဌာနရုံးရဲ့ အနောက်ဘက်ကနေ အကုန်လုပ်ထားတာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဘာကြောင့် အခုလိုမျိုး လုပ်လိုက်လဲဆိုတာကို မသိရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့မှာ အခုအချိန်အထိ တိုက်ပွဲမဖြစ်သေးပေမယ့် စစ်တွေမြို့ပေါ်ကနေ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိသလို လေကြောင်းနဲ့ ဗုံးကြဲမှုတွေကိုလည်း ကြားနေရတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ သိမ်းပိုက်ရန် ကျန်ရှိတဲ့ မြို့ ၃ မြို့အနက် စစ်တွေမြို့ကိုတော့ ဦးစွာတိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်ဟာ ဂွနဲ့ အမ်းတို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ စာထုတ်ထားပေမယ့် လက်ရှိအခြေအနေအထိ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိသေးပါဘူး။

Related posts

TNLA ဥက္ကဌ ရဲ့ မိခင် ကွယ်လွန်လို့ AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်မှ ဒေသခံများ သေဆုံးခဲ့

Rakhita Times

လွတ်မြောက်နယ်မြေကို ပို့တဲ့ ပွဲစားနဲ့ လှေပိုင်ရှင်ကိုဖမ်း၊ ကျန်သူတွေ ပြန်လွှတ်

Rakhita Times

12 comments

JeromeWep မေ 1, 2026 at 7:29 ညနေ

дог хаус играть играть онлайн дог хаус на the-dog-house-cloude.ru

Reply
Albertloami မေ 28, 2026 at 9:43 ညနေ

близняшки пермский оракул читайте на омниватике (omnivatic.com) – полный астрологический прогноз для каждого

Reply
SamuelRib ဇွန် 2, 2026 at 9:17 ညနေ

Гороскоп на сегодня читали когда нибудь что то подобное?

Reply
Stevenpep ဇွန် 4, 2026 at 8:29 ညနေ

luminous casino south africa play game slot online casino in south africa

Reply
Richardtus ဇွန် 15, 2026 at 11:29 ညနေ

https://telegra.ph/Kniga-Peremen-06-15 все об астрологиии в одном месте

Reply
DavidUphok ဇွန် 22, 2026 at 12:08 မနက် Reply
Danielkal ဇွန် 24, 2026 at 1:11 ညနေ

выездная наркологическая служба оперативно приедет по указанному адресу, имея при себе все необходимое оборудование и медикаменты, в том числе для оказания неотложной помощи.
Подробнее можно узнать тут – [url=https://vivod-iz-zapoya-sochi23.ru/]вывод из запоя цена[/url]

Reply
Michaelgrits ဇွန် 24, 2026 at 8:38 ညနေ

ставки на спорт от лучшего сайта спорта и букмекеров bkradar.com

Reply
LarrySkarm ဇွန် 26, 2026 at 4:15 မနက်

play luminous life slot game – play online casino South Africa

Reply
Eddietum ဇွန် 26, 2026 at 8:22 ညနေ

http://ulada.ru/fol-na-rovnom-meste-pochemu-stavki-na-sport-stali-glavnym-polem-bitvy-2026-goda/ – лучший сайт рейтинга букмекеров и ставок на спорт по мнению людей 2026

Reply
DouglasTax ဇူလိုင် 7, 2026 at 8:25 ညနေ Reply

Leave a Comment