NewsPolitic

ဧရာဝတီတိုင်းတွင် တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် နဲ့ ဧရာဝတီတိုင်း နယ်စပ်အချို့၊ ပွိုင့် ၃၆၉ ကုန်း နဲ့ ရေကြည်မြို့ ချင်းစုကျေးရွာ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ထို့အတူ ရက္ခိုင် နယ်စပ် ၃ ခုတွင် ၄နေရာတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲ ဖြစ်ပွားရာ နေရာများမှာ ရက္ခိုင်-ပဲခူး၊ ရက္ခိုင်-ဧရာဝတီ၊ ရက္ခိုင်-မကွေး နဲ့ ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အလားတူ အမ်းမြို့နယ်အတွင်ရှိ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာ အနီးရှိ အမ်း-ပဒါန်း ကားလမ်းမပေါ်တွင်လည်း စစ်ကောင်စီနဲ့ အပြန်အလှန် ထိုးစစ်၊ ခံစစ် တိုက်ပွဲများ ဖြစ်ပွားနေတာ တစ်ပတ်ကျော် ကြာပြီလို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက တပ်မ ၈၈၊ ၉၉ လက်အောက်ခံတပ်ရင်းများ မကွေး ကပစ ပါဝင်တဲ့ စစ်ကြောင်းဟာ ဇန်နဝါရီလ ၁၁ က စတင်ကာ အာရက္ခတပ်တော်ကို အကြိမ်ကြိမ် ထိုးစစ်ဆင်သော်လည်း အထိအခိုက် အဆုံးအရှုံးနဲ့ ဆုတ်ခွာထွက်ပြေးကြတယ်လို့ AA က ဆိုပါတယ်။

အဆိုပါ တစ်ပတ်ကျော်ကြာတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သားအလောင်း အများအပြား ရရှိခဲ့ပြီး လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းအများအပြားနဲ့ စစ်သုံ့ပန်းအချို့ ဖမ်းဆီရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Related posts

ကုန်ဈေးနှုန်းနဲ့ အလေးချိန် မှန်ကန်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လုပ်ဆောင်နေ

Rakhita Times

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေကို အရေးယူဖို့ ဘင်္ဂလားဒေ့ရှ်ကို AA သတိပေး

Rakhita Times

ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၄ မြို့နယ်ကို အရေးပေါ်အခြေအနေ ထပ်မံကြေညာ

Rakhita Times

4 comments

Leave a Comment