NewsPolitic

KIA နဲ့ ပဋိပက္ခ မဖြစ်ရန် TNLA စစ်ဦးစီးချုပ် တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၅)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ KIA တို့အကြား မြေပြင်ပွတ်တိုက်မှုများ၊ ပဋိပက္ခတင်းမာမှုများ ဆက်လက် မကြီးထွားစေရန်အတွက် PSLF/TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင် (တားဟိုပလန်) က မန်တုံမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲ ပြောကြားခဲ့ပါတယ်။

 “မဟာမိတ် KIA နဲ့ မိမိတို့ TNLA အကြား ဆက်ဆံရေးတင်းမာမှု အခြေအနေများ မကြီးထွားလာစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရမယ်” လို့ PSLF/TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင် (တားဟိုပလန်) က ဆိုပါတယ်။

ဒါ့အပြင် မိမိတို့ မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန် အသိအမှတ်ပြုရန်နဲ့ မဟာမိတ် တည်တံ့ခိုင်မြဲစေရန် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမည့် အချိန်ဖြစ်ပြီး မဟာမိတ် ကတိကဝတ်ကို ရှေးရှုပြီး မဟာမိတ်ကြား မလိုလားအပ်တဲ့ ပြဿနာများ မဖြစ်ပွားလာစေရန် မဟာမိတ်နှစ်ဖက်လုံးက သတိထားဆောင်ရွက်ရမှာဖြစ်ပြီး ဆက်ဆံရေးတင်းမာမှုများကို ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်လို့လည်း ထပ်မံ ဆိုပါတယ်။

တအာင်းပြည် တပ်မဟာ(၃)နယ်မြေ မန်တုံမြို့နယ်အတွင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နဲ့ KIA တို့အကြား ယခုရက်ပိုင်းတွင် မြေပြင်တပ်ဖွဲ့ဝင်များ အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားနေပါတယ်။

Related posts

AA ထံ စစ်မှုထမ်းရန် ‌ရောက်လာတဲ့ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးကို မိဘထံ ပြန်လည်အပ်နှံ

Rakhita Times

ဒေါ်လာ ၃ သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရလို့ ဦးကျောက်တောင်ပြော

Rakhita Times

သံတွဲကို စကမ ဗုံးလာကြဲ(Breaking News)

Rakhita Times

40 comments

Leave a Comment