NewsPolitic

အုန်းကျွန်းကြီးကနေ စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်နေ

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၅)

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ရှိ အုန်းကျွန်းကြီးကနေပြီး လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက ပစ်ခတ်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒီနေ့ မနက် ၉ နာရီလောက်က စပစ်တာပဲ။ ပင်လယ်ဘက်ကိုလေ။ စမ်းသပ်ပစ်တာလား၊ ရည်ရွယ်ချက်နဲ့ ပစ်တာလားတော့ မပြောတတ်ဘူး။ အခု သူတို့က အဲလိုပစ်လာတော့ ကျနော်တို့လည်း စစ်ရှောင်ဖို့ ပြင်နေကြပြီ” လို့ ငရုတ်ကောင်းမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အလားတူ စစ်ကောင်စီဟာ ငရုတ်ကောင်းမြို့နယ်အတွင်းရှိ တင်းချောင်း၊ ကျွေချိုင်၊ နံ့သာပု၊ သစ်ရောင်း၊ သဲဖြူ စတဲ့ရွာတွေကို စစ်ကြောင်းထိုးပြီး လယ်ယာဘက်တွေကို ပစ်ခတ်တာတွေလည်း ဆက်တိုက်လုပ်ဆောင်လာတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ ငရုတ်ကောင်းမြို့က ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အဝင်နေရာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ဂွနဲ့ ငရုတ်ကောင်းကို ဆက်သွယ်ထားတဲ့ မကျီးဇင် တံတားနားမှာလည်း စခန်းချ ခံစစ်ပြင်ဆင်ထားပြီး ပစ်ခတ်တာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန်အတွက် ငရုတ်ကောင်းမြို့ ချောင်းဝတောင်ပေါ်မှာ လေယာဉ်ကွင်းအသစ်တခုကိုအရေးပေါ် တည်ဆောက်နေပြီး အဆိုပါ နေရာအနီးအနားဖြစ်တဲ့ ငရုတ်ကောင်း-ဂေါ်ရင်ဂျီ ကမ်းခြေပတ်လမ်းပေါ်ကနေ ဒေသခံပြည်သူတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်တိုက်ပွဲရှောင်များ စားဆီမဝယ်နိုင်တဲ့အတွက် ရေနဲ့ပဲချက်စားနေရ

Rakhita Times

ရိုဟင်ဂျာ ၁၀၀၀ နီးပါးကို စစ်တွေ ပြန်ပို့ပြီး ရှေ့တန်းပို့ရန် စစ်ကောင်စီ စီစဉ်

Rakhita Times

နမ္မတူနဲ့ သီပေါကို စကမ လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်

Rakhita Times

5 comments

https://iraqitube.com/@alvarogalvin9?page=about ဇွန် 24, 2026 at 7:50 ညနေ Reply
https://kcrest.com ဇွန် 25, 2026 at 12:37 မနက်

References:

Mobile casino pay by phone bill https://kcrest.com

Reply
bertelsen-mcmillan.federatedjournals.com ဇွန် 26, 2026 at 4:45 မနက်

References:

Legiano Casino Login bertelsen-mcmillan.federatedjournals.com

Reply
https://play.mytsi.org/ ဇွန် 27, 2026 at 2:45 မနက်

References:

Legiano Casino Auszahlungslimit https://play.mytsi.org/

Reply

Leave a Comment