NewsPolitic

ပြန်ရောက်လာတဲ့ တပ်မ ၆၆ စစ်ကြောင်းတွေမှာ အင်အား ၈၀ ခန့်ပဲ ကျန်တယ်လို့ CDM ဗိုလ်ကြီးပြော

အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၆)

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကနေ ရက္ခိုင်တောင်ပိုင်းကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ စစ်ကြောင်းတချို့ဟာ အကျအဆုံးများစွာနဲ့ နောက်တန်းဌာနချုပ်တွေဆီ ပြန်လည်စုဖွဲ့နေရတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

အင်းမအခြေစိုက် စစ်ကောင်စီတပ်ရင်းအချို့ရဲ့ ရှေ့တန်းပြန်ကြိုဆိုပွဲကို တိုင်းစစ်ဌာနချုပ်က ဒုတိယတိုင်းမှူးကိုယ်တိုင် လာရောက်ပြီး “အောင်ပွဲရ” စာတန်းတွေချိတ်ဆွဲကြိုဆိုခဲ့ပေမယ့် စစ်မြေပြင်ကနေ ပြန်ရောက်လာသူက အင်အား ၈၀ ခန့်သာ ရှိတော့တယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီးဇင်ယော်က စစ်ကောင်စီရဲ့ ပုံမှန်စစ်ထွက်အင်အားဟာ တစ်ကြောင်းကို အနည်းဆုံး ၁၂၀ ဝန်းကျင်ရှိတယ်လို့လည်း ဆိုပါတယ်။

ပြန်ရောက်လာတဲ့ စစ်ကြောင်းတွေက ပုသိမ်-မုံရွာလမ်းကြောင်းအတိုင်း ဥသျှစ်ပင်မြို့ကတဆင့် နဝဒေးတံတားကို ဖြတ်ကျော်ပြီး နောက်တန်းတပ်စခန်းတွေဆီ ပြန်ဝင်လာတာလို့ ဆိုပါတယ်။

စစ်မြေပြင်တိုင်းမှာ စစ်ရေးအရ ရှုံးနေတဲ့ စစ်ကောင်စီဟာ နောက်တန်းမှာ အောင်ပွဲရသကဲ့သို့ ဝါဒဖြန့် ပုံဖော်နေသော်လည်း မြေပြင်တွင် အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းများ အင်အား ပြုန်းတီးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

Related posts

မြောက်ဦးဆေးရုံဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှုဖြစ်တာကြောင့် ဆက်လက်တိုက်ပွဲဝင်ရန် မင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်း ၄၄ ဖွဲ့ သန္နိဌာန်ပြု

Rakhita Times

စကမထံမှ အလင်းဝင်လာသူ ၁၃ ဦး ကျောင်းသားလက်ရုံးတပ်တော်တွင် တာဝန်ထမ်းဆောင်နေ

Rakhita Times

အာရက္ခပြည်က နာကာဆာကီနဲ့ ဟီရိုရှီးမားမြို့အလွန် ဒိုင်ယာစပိုရာများ

Rakhita Times

Leave a Comment