EducationNewsPolitic

ကျောင်းသား ၅၀ သေဆုံးနိုင်တဲ့ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု

အာရက္ခတိုင်းမ်စ် (၁၂ မေ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ဆရာ၊ ဆရာမ ၂ ဦးနဲ့ ကလေး ၁၀ ယောက် အပါအဝင် ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးနိုင်တယ်လို့ ဒီပဲယင်းမြို့နယ်က ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေထံကနေတဆင့် သိရပါတယ်။

ဒီနေ့ မေလ ၁၂ ရက် မနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန်မှာ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ​ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် လတ်တလောမှာ ကျောင်းတက်နေတဲ့ ကလေး ၁၀ ယောက်နဲ့ ဆရာ၊ ဆရာမ ၂ ယောက်အပါအဝင် ရုပ်အလောင်း ၁၃ လောင်း အတည်ပြုထားနိုင်ပြီး ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေလျက် ရှိပါတယ်။

အဆိုပါ အိုးထိန်းတွင်းကျေးရွာရှိ စာသင်​ကျောင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလပညာရေးကျောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီစာသင်ကျောင်းကို စစ်ကောင်စီက ‌အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကိုင်းတိုင်းအတွင်း ဒုတိယမြောက်ကလေးသူငယ်သေဆုံးမှုအများဆုံးတိုက်ခိုက်မှုအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး စစ်ကောင်စီဟာ ဒီနေ့ ၁ ရက်အတွင်းမှာပဲ စစ်ကိုင်းတိုင်းကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး အားလုံးဟာ စာသင်ကျောင်း၊ ဆေးခန်း စတဲ့ အရပ်သားပစ်မှတ်တွေချည်းဖြစ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားပေမယ့်လည်း နိုင်ငံတစ်ဝန်းမှာ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အဆိပ်ငွေ့ဗုံးတွေ ကြဲ​ပြီး ထိုးစစ်ဆင်တာတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

ဓာတ်ပုံများကို t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်

Related posts

မြို (ခမိ) စာပေဖော်ထုတ်ခဲ့သူ ဦးကျော်သာအောင် ကွယ်လွန်

Rakhita Times

စစ်ကိုင်းတွင် AA ရောက်ရှိနေလို့ မင်းအောင်လှိုင် ကိုယ်တိုင် ဟုမ္မလင်းသွား စည်းရုံးရေးဆင်း

Rakhita Times

စစ်ကောင်စီကို အပြီးတိုင်ဖြုတ်ချနိုင်မှ တိုက်ပွဲရှောင်တွေ နေရပ်ပြန်နိုင်မယ်

Rakhita Times

10 comments

1xbet_hbEt မတ် 18, 2026 at 4:13 ညနေ

1xbet 1xbet .

Reply
Gidroizolyaciya podvalov_tper မတ် 18, 2026 at 6:34 ညနေ

гидроизоляция подвала цена гидроизоляция подвала цена .

Reply
Ysilenie gryntov_ugPa မတ် 18, 2026 at 6:37 ညနေ

усиление грунта цена за м3 usilenie-gruntov-1.ru .

Reply
Remont betona_hsOa မတ် 18, 2026 at 6:49 ညနေ

ремонт бетонных конструкций инъектирование ремонт бетонных конструкций инъектирование .

Reply
Remont betona_mlOa မတ် 18, 2026 at 10:59 ညနေ

ремонт бетонных конструкций материалы ремонт бетонных конструкций материалы .

Reply
Ysilenie gryntov_ubPa မတ် 18, 2026 at 11:25 ညနေ

инъектирование грунта цена инъектирование грунта цена .

Reply
Remont betona_ixOa မတ် 19, 2026 at 3:01 မနက်

ремонт бетонных конструкций торкретирование remont-betona-1.ru .

Reply
Gidroizolyaciya podvalov_hper မတ် 19, 2026 at 3:54 မနက်

стоимость гидроизоляции подвала gidroizolyacziya-podvalov.ru .

Reply
ioga porno_nhMl မတ် 19, 2026 at 4:17 မနက်

йога порно онлайн йога порно онлайн .

Reply
Gidroizolyaciya podvalov_umer မတ် 19, 2026 at 9:01 မနက်

гидроизоляция подвала цена гидроизоляция подвала цена .

Reply

Leave a Comment