NewsPolitic

အမျိုးသားတန်းတူရေးကို အမြဲတမ်း လုပ်ငန်းစဉ်အဖြစ် AASYC က သတ်မှတ်

အာရက္ခတိုင်းမ်စ် (၅ ဇွန် ၂၀၂၅)

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (All Arakan Students’ and Youths’ Congress) ရဲ့ ပဉ္စမအကြိမ်မြောက် ညီလာခံမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးကို အမြဲတမ်း လုပ်ငန်းစဉ်အဖြစ် သတ်မှတ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ လူ့အခွင့်အရေးပညာပေးနဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု သတင်းအချက်အလက် စုဆောင်းရေးတို့ကို လတ်တလော ဦးစားပေးလုပ်ငန်းစဉ်တွေအဖြစ် သတ်မှတ်ပြီး ဘုံရည်မှန်းချက် တူညီတဲ့ ပြည်တွင်း-ပြည်ပ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုတွေနဲ့လည်း လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမယ်ဆိုတဲ့အကြောင်းကို ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒါအပြင် ကြားကာလစီမံခန့်ခွဲရေးကော်မတီ (IMC) ကို လည်း ဒီညီလာခံကနေ ဖျက်သိမ်းတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များအစည်းအရုံးရဲ့ ပဉ္စမအကြိမ်မြောက် ညီလာခံကို ဇွန်လ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။

ညီလာခံမှာ AASYC ရဲ့ စတုတ္ထအကြိမ် ညီလာခံကနေ ပဉ္စမအကြိမ် ညီလာခံအထိ ဆောင်ရွက်ခဲ့တဲ့ ဌာန အလိုက် လုပ်ငန်းအစီရင်ခံစာနဲ့ နိုင်ငံရေးအစီရင်ခံစာကို တင်ပြတာ၊ သုံးသပ်ဆွေးနွေးတာနဲ့ အတည်ပြုတာတွေကို လုပ်ဆောင်ခဲ့ပြီး AASYC ရဲ့ အခြေခံမူနဲ့ သဘောထားအမြင်စာတမ်းကို ဆွေးနွေးအတည်ပြုတာ၊ AASYC ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းကို ပြင်ဆင်အတည်ပြုတာ၊ ပဉ္စမအကြိမ် ညီလာခံသက်တမ်းအတွက် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် (၇) ဦး နဲ့ ဗဟိုဦးစီးအဖွဲ့ (၁၈) ဦးကို ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက် တင်မြောက်တာ စတဲ့ အချက် ၄ ချက်ကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

Related posts

ဇန်နဝါရီလ တလအတွင်း စကမကြောင့် ရက္ခိုင်တွင် ပြည်သူ ၃၀ သေဆုံး၊ ၃၇ ဦး ဒဏ်ရာရ

Rakhita Times

ရက္ခိုင်ပြည် ပဲ့ထွက်မသွားဖို ICJ ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတာလို့ ALP ပြော

Rakhita Times

ပန်းတောင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ

Rakhita Times

232 comments

Leave a Comment