NewsPolitic

စစ်တွေတွင် ပြည်နယ်နေ့ အခမ်းအနားပြုလုပ်ရန် စကမ ပြင်ဆင်နေ

အာရက္ခတိုင်းစ်မ် (၁၄ ဒီဇင်ဘာ ၂၀၂၅)

အကြမ်းဖက် စစ်ကော်မရှင်တပ် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့တွင် စကမက ပြည်နယ်နေ့ အခမ်းအနားကျင်းပရန် စီစဉ်နေတယ်လို့ သိရှိရပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ရခိုင်ပြည်နယ်နေ့မှာ စကမက ရှိုးပွဲအပါအဝင် တခြား ပျော်ပွဲရွှင်ပွဲများပါ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။

စကမ ကျင်းပမယ့် ရှိုးပွဲတွင် စစ်ကော်မရှင်ရဲ့ လက်ပါးစေဖြစ်တဲ့ ခန့်စည်သူ အပါအဝင် ရခိုင်အဆိုတော်တွေဖြစ်တဲ့ ဘုန်းလျှံ၊ ညှာစိမ်းခိုင်၊ စောနှင်းနွယ်တို့အပြင် တခြားအဆိုတော်တွေက သီဆိုဖျော်ဖြေသွားမယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ လောလောဆယ်ကတော့ သူတို့ လေးယောက် ပါတယ်လို့ သိရတယ်။ သူတို့အပြင် တခြားအဆိုတော်တွေလည်း ပါသေးတယ်လို့ ရပ်ကွက်မှာတော့ ကြားနေရပါတယ်” လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသက အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများနဲ့ ဆေးရုံတွေပါမကျန် ဗုံးကြဲနေပြီး သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ ပျော်ပွဲ၊ ရွှင်ပွဲ ပြုလုပ်ပေးနေတာဟာ စေတနာမှန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ စစ်တွေဒေသခံတယောက်က ဆိုပါတယ်။

“ဒီဖက်မှာ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေပြီးတော့ သူတို့ ထိန်းချုပ်ထားတဲ့ မြို့သုံးခုမှာ ရုပ်ပြအနေနဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပဖို့ လုပ်နေတယ်။ ဆိုတော့ အနှစ်သာရမရှိတဲ့ နေ့ရက်တစ်ခုကို ရုပ်ပြအနေနဲ့ လုပ်တယ်လို့မြင်တယ်။ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တခုကို လုပ်ပြတာလို့ မြင်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင် ကျင်းပမယ့် ပြည်နယ်နေ့ အခမ်းအနားတွင် ချောတိုင်တက်ပွဲ၊ မြို့ပေါ်ဘောလုံးပွဲနဲ့ ချောတိုင်တက်ပွဲတွေလည်း ပါဝင်မယ်လို့ သိရှိရပါတယ်။

ရခိုင်ပြည်နယ်နေ့ဟာ ၁၉၇၄ ခုနှစ်ကနေ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတာဖြစ်ပြီး စတင်ဖွဲ့စည်းချိန်ကနေ အနှစ်သာရမရှိတဲ့နေ့ ဖြစ်တယ်လို့ ရက္ခိုင်ပြည်သူတွေက ဆိုပါတယ်။

Related posts

စစ်တွေမှာ မွတ်ဆလင်ရွာတချို့ကို စစ်ကော်မရှင် ဖယ်ခိုင်းနေ

Rakhita Times

ရက္ခိုင်က လမ်းမတွေမှာ ကျွဲ၊ နွား တိရစ္ဆာန်များကို လွှတ်ကျောင်းနေဆဲ

Rakhita Times

မြေပုံမြို့နယ် သံဃာအကျိုးဆောင်အဖွဲ့က ဦးဆောင်ပြီး ရေဘေးသင့်ပြည်သူတွေအတွက် ငွေ သိန်း ၃၀၀ လှူဒါန်း

Rakhita Times

1,093 comments

Leave a Comment