NewsPolitic

TNLA ရဲ့ အပတ်စဉ် ၆၇ စစ်ရေးသင်တန်းဆင်းပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၁၂ ဇွန် ၂၀၂၅)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် ၆၇ စစ်‌ရေးသင်တန်းဆင်ပွဲကို တအာင်းပြည် တနေရာတွင် ဇွန်လ ၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရေးသင်တန်းဆင်းပွဲကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင် အပါအဝင် ဗိုလ်မှူးချုပ် တားနောရိူန်း၊ ဒုဗိုလ်မှူးကြီး တားအတီ၊ ဗိုလ်မှူး ယာထွေး၊ ဗိုလ်မှူး တားအခယ် တို့ တက်ရောက်ခဲ့ပါတယ်။

“ဘက်စုံတိုက်ခိုက်ရေးသင်တန်းပေးခြင်းဟာ မိမိတို့ တအာင်းပြည်ကို ကာကွယ်သွားကြရန်၊ ရဲဘော်များဟာ လူကြီးများရဲ့ အလုပ်တာဝန်ကို ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်ရမှာဖြစ်သလို သင်တန်းအတွင်း ဆရာ/မများသင်ကြားပေးတဲ့ ပညာကို မမေ့ကြရန်၊ အမိန့်နာခံတတ်ရန် နဲ့ ရန်သူကို အမြဲတစေ သတိထားရှိရန်လိုအပ်တယ်” လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိူဝ်ပ္လါင်က ပြောပါတယ်။

အပတ်စဥ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲတွင် အမှတ်စဥ် (က) နဲ့ (ခ) ခွဲကာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း တိုက်ခိုက်ရေးကျွမ်းကျင်မှု အဆင့်ရှိစေရန် အဓိကသင်ကြားပေးကာ သင်တန်းကာလ (၃) လ ကျော်ကြာ သင်ကြားပေးခဲ့ပြီး  အဆိုပါ သင်တန်းတွင် အမျိုးသား (၆၅၇) ဦး နဲ့ အမျိုးသမီး (၁၆၅) ဦး အပါအဝင် စုစုပေါင်း (၈၂၂) ဦး တက်ရောက်ခဲ့တယ်လို့ သိနရပါတယ်။

Related posts

မြောက်ဦးဆေးရုံဖြစ်စဉ်ကြောင့် လူနာတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံတွေ့နေရ

Rakhita Times

စကမက စစ်သုံ့ပန်းများ နေရာကို ဗုံးကြဲ သေဆုံးသူများပြား

Rakhita Times

NCA ၁၀ နှစ် အခမ်းအနား ကျင်းပ

Rakhita Times

592 comments

Leave a Comment