NewsPolitic

မြောက်ဦး ကြက်ဈေးရပ်ကွက် ဗုံးကြဲမှုမှာ သေဆုံးသူ ၃ ဦးအထိ တိုးလာ

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ပြင်းထန်စွာ ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေသူ တစ်ဦး ထပ်မံသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၂ ရက် ညက ဖြစ်ပွားခဲ့တဲ့ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အစောပိုင်းမှာ ၂ ဦး သေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒဏ်ရာရသူတွေထဲက စစ်တွေမြို့၊ ကသဲရပ်ကွက်ကနေ မြောက်ဦးမြို့ကို စစ်ဘေးရှောင်နေတဲ့ အသက် ၃၀ အရွယ် ကိုမင်းဖြိုးထွန်းက ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးခဲ့တာလို့ သိရပါတယ်။

ဒါကြောင့် ကြက်ဈေးရပ်ကွက်ဗုံးကြဲမှုမှာ သေဆုံးသူ စုစုပေါင်း ၃ ဦးအထိ ရှိလာပြီး ကျန်ရှိနေတဲ့ ဒဏ်ရာရပြည်သူတွေဟာ ဆေးကုသမှု ဆက်လက် ခံယူနေကြရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁ ရက်မှာလည်း မြောက်ဦးမြို့က ယာယီဆေးခန်းနဲ့ သားဖွားဌာနကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ – ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးသွားတဲ့ ကိုမင်းဖြိုးထွန်း

Related posts

နတ်ရေကန်ကို အင်အင်ဖြည့်တဲ့စစ်ကြောင်း ၃ မိုင်အလိုတွင် တပ်ပျက်ပြေး

Rakhita Times

လူထုက အာဏာသိမ်းတာရော စစ်ပွဲတွေကိုရော မဖြစ်စေချင်

Rakhita Times

KIO က လုံခြုံရေးအတွက် ရက္ခိုင်၊ ချင်း တို့နဲ့ ဆက်ဆံရေး ခိုင်မာစွာတည်ဆောက်နေ

Rakhita Times

Leave a Comment