NewsPolitic

လေးမျက်နှာတွင် ရက္ခိုင်စစ်ရှောင်တစ်ဦးအပါအဝင် ၄ ဦးကို စစ်ကောင်စီက ပေါ်တာဆွဲသွား

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ချင်းကုန်းကျေးရွာအုပ်စု၊ ရေဖြူကျေးရွာကို နိုဝင်ဘာလ ၁၂ ရက် မနက် ၆ နာရီကျော်ခန့်က အင်အား ၂၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး ရက္ခိုင်တိုင်းရင်းသားတစ်ဦးအပါအဝင် ပြည်သူအမျိုးသား ၄ ဦးကို ပေါ်တာအဖြစ် ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

ဖမ်းခံရသူတွေထဲမှာ ရက္ခိုင်ပြည်ကနေ လေးမျက်နှာမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ ရက္ခိုင်တိုင်းရင်းသားတစ်ဦးပါဝင်ပြီး စစ်ကောင်စီတပ်က အိမ်တွေထဲအထိ ဝင်ရောက်ပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းခေါ်သွားတာဟာ စစ်ကြောင်းထိုးတဲ့နေရာတွေမှာ အရပ်သားတွေကို အကာအကွယ်အဖြစ် သုံးဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ အောက်တိုဘာလ ၂၈ ရက် ည ၈ နာရီခန့်မှာလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သက္ကယ်ပြင်ကျေးရွာမှာ စစ်ဘေးရှောင်လာတဲ့ ရက္ခိုင်ပြည်က ဒေသခံတွေအပါအဝင် အရပ်သား ၆ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက ညအချိန် နေအိမ်တွေထဲ ဝင်ပြီး ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်ကလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ကက္ကူကြီးကျေးရွာနဲ့ ရွာသစ်ကြီးကျေးရွာမှာ စစ်ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေတဲ့ ရက္ခိုင်စစ်ဘေးရှောင် တစ်ဦး အပါအဝင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ်က ရွာထဲအထိ ဝင်ပြီး စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

Related posts

AA က သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ဆောင်

Rakhita Times

စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် မရောက်

Rakhita Times

အာရက္ခရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်နေသူတွေကို အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီ

Rakhita Times

Leave a Comment