HealthNewsPolitic

စစ်တွေက ကယ်ဆယ်ရေးစခန်းတွေမှာ သွေးလွန်တုပ်ကွေး အဖြစ်များနေ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၉ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ကလေးငယ် အများအပြား သွေးလွန်တုပ်ကွေးဖြစ်ပြီး ဖျားနာနေကြတယ်လို့ သိရပါတယ်။

ဖျားနာတဲ့ ကလေးတွေကို စစ်တွေဆေးရုံကြီးမှာ တက်ရောက်ကုသနေပြီး စစ်တွေဆေးရုံမှာလည်း ကလေးငယ် လူနာတွေနဲ့ ပြည့်နေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ကယ်ဆယ်ရေးစခန်းတစ်ခုကို ကလေးငယ် ၁ ယောက်ကနေ ၃ ယောက်အထိ ဖျားနာနေကြပြီး အဓိကအားဖြင့် အာဂျိတ်တော်ကုန်းက ကယ်ဆယ်ရေးစခန်းမှာ အဖြစ်များတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ အခုဖြစ်နေတာက ကယ်ဆယ်ရေးစခန်း တော်တော်များများမှာ ကလေးတွေ ဖျားကြတယ်။ အသားဝါတယ်၊ သွေးလွန်တုပ်ကွေး ဖြစ်တယ်။ ဘယ်ဘက်တွေမှာ ဖြစ်လဲဆိုတော့ စစ်တွေ အာဂျိတ်တော်ကုန်းနားက ကယ်ဆယ်ရေးစခန်းတွေမှာ ကလေးတွေ ၄ ယောက် ၅ ယောက်ပေါ့။ တစ်စခန်းတည်းလည်း မဟုတ်ဘူးပေါ့။ စခန်းတစ်ခုမှာ ၁ ယောက်၊ ၂ ယောက် အဲဒီလိုပေါ့။ ပြီးလို့ရှိရင် ရပ်ကွက်ထဲက နေထိုင်မကောင်းဖြစ်တဲ့ ကလေးတွေကျတော့ အသားဝါကြောင့် ဆေးရုံတက်ရတယ်ပေါ့ နေထိုင်မကောင်းလို့။ ဘာလို့ နေထိုင်မကောင်းဖြစ်တယ်လို့မေးရင် အသားဝါဖြစ်လို့ အဲဒီလိုပေါ့။ သွေးလွန်တုပ်ကွေးနဲ့ အသားဝါ ၂ ခု ဖြစ်နေကြတာတော့ ရှိတယ်” လို့ ပြောပါတယ်။

စစ်တွေက ကယ်ဆယ်ရေးစခန်းတွေဟာ စစ်ကောင်စီက ရွာလုံးကျွတ် နှင်ထုတ်ထားတဲ့ ရေချမ်းပြင်၊ ရွှေပြည်သာ စတဲ့ ရွာ ၁၂ ရွာက ဒေသခံတွေဖြစ်ပြီး ၁ နှစ်နီးပါး ရှိနေပြီလည်း ဖြစ်ပါတယ်။

စစ်တွေမှာ ကယ်ဆယ်ရေးစခန်း ၁၀ ခုကျော်ရှိပြီး အဓိကအားဖြင့် ဘုန်းကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားတာက ပိုပြီးများတာ ဖြစ်ပါတယ်။

Related posts

MNDAA လားရှိုးက ဆုတ်ခွါမည့်ကိစ္စ တရုတ်ဖိအားကြောင့်လား

Rakhita Times

ကျောက်တော်ရဲ့ လူနေထူထပ်သော နေရာများကို စကစ ဗုံး ၁၅လုံးနဲ့ တိုက်ခိုက်

Rakhita Times

AA ထိန်းချုပ်ထားတဲ့ ဂုတ်ကြီး ကို စကမ စစ်ကြောင်းထိုး၊ တိုက်ပွဲပြင်းထန်နေ

Rakhita Times

Leave a Comment