NewsPolitic

ရက္ခိုင်ပြည်က ရေဘေးသင့် လူဦးရေ ၁၂၀၀၀ ကျော်အတွက် အရေးပေါ် အကူညီလိုအပ်

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅)

ရက္ခိုင်ပြည်တွင် ၂၀၂၅ ခုနှစ် ဇွန်လကုန်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းလို့ လူဦးရေ ၁၂၀၀၀ ကျော် အရေးပေါ် အကူညီလိုနေတယ်လို့ သိရပါတယ်။

“လက်ရှိ ရေလွှမ်းမိုးခံရတဲ့ ဒေသများကို HDCO က သွားရောက်ပြီး အရေးပေါ်အကူအညီများ ဆောင်ရွက်မှုနဲ့အတူ ရေဘေးသင့် အချက်အလက်များကိုပါ ကောက်ခံလျက်ရှိပါတယ်။ လက်ရှိ ကောက်ခံထားတဲ့ စာရင်းများအရ ဒုက္ခသည်စခန်းများ အပါအဝင် ကျေးရွာ (၉၀) က အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦး ရေဘေးသင့်လျက် ရှိပါတယ်” လို့ HDCO က ဆိုပါတယ်။

၂၀၂၅ ခုနှစ၊ ဇွန်လကုန်က စတင်ပြီး မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြိုနယ်တွေမှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ လမ်း၊ တံတားများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းများအပြင် လူသေဆုံးမှုမျာင် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ရေလွှမ်းမိုးခံရတဲ့ နေရာအများစုမှာ အကူအညီများ လက်လှန်းမီရန် ခက်ခဲသောကြောင့် အကူအညီရရှိမှုများ နည်းပါးလျက်ရှိပြီး လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အမိုးအကာများ၊ မျိုးစပါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဖို့ကြောင့် ပြည်တွင်း၊ ပြည်ပက အဖွဲအစည်းများအနေနဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) udk ဆက်သွယ်ပြီး ထိခိုက်ခံရသောနေရာများကို လိုအပ်တဲ့ အကူအညီများ ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန် တိုက်တွန်း၊ နှိးဆော်အပ်ပါတယ်လို့ HDCO က ထုတ်ပြန်ပါတယ်။   

Related posts

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး

Rakhita Times

စစ်တွေမှာ စက်သုံးဆီ ဈေးကစားမှု ကုန်သည်တွေကို ခေါ်ယူဆွေးနွေးသင့်

Rakhita Times

မောင်တောတွင် ARSA သတ်ဖြတ်လို့ ဒေသခံတဦး သေဆုံး

Rakhita Times

Leave a Comment