EducationNewsPolitic

လူတိုင်းသင်ကြားနိုင်တဲ့ အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်သင့်ဟု ဆို

လူတိုင်းသင်ကြားနိုင်တဲ့ အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်သင့်ဟု ဆို

အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၄)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခပညာရေးစနစ်ကို လာမယ့် ၂၀၂၅ – ၂၀၂၆ ပညာရေးနှစ်မှာ သင်ကြားနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အာရက္ခပညာရေးစနစ်မှာ ရက္ခိုင်စကားကို အခြေခံပြီး သင်ရိုးညွှန်းတန်းကို ရေးဆွဲထားကြောင်း၊ ရက္ခိုင်သမိုင်းကြောင်းတွေ၊ ရက္ခိုင် ယဉ်ကျေးမှုတွေကိုလည်း သင်ကြားမယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က ပညာရေးစနစ်ကို ဖော်ဆောင်ရာမှာ လူတိုင်းအတွက် လိုအပ်တဲ့ ပညာရေးစနစ် ဖြစ်ဖို့ လိုအပ်သလို အထူးသဖြင့် အခုဖော်ဆောင်မယ့် ပလက်ဝဒေသက ချင်းတိုင်းရင်းသားတွေရဲ့ ဒေသဖြစ်တဲ့အတွက် ချင်းတိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ရိုးရာယဉ်ကျေးမှုအကြောင်းတွေလည်း ပါမယ်ဆိုရင် ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခု ဖြစ်သွားနိုင်တယ်ဆိုပြီး ရက္ခိုင်ပြည်၊ အမ်းမြို့နယ်က ချင်းတိုင်းရင်းသား ဒေသခံတစ်ယောက်က ပြောပါတယ်။

“အထူးသဖြင့်တော့ ပညာရေးကတော့ လူတိုင်းအတွက် လိုအပ်နေတဲ့ ပညာရေး ဖြစ်ဖို့လိုတယ်။ အဲဒီလို အနေအထားကို ရက္ခိုင့်တပ်တော်က ဖော်ဆောင်မယ်ဆိုတော့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုလို့ ပြောလို့ရတယ်ပေါ့နော်။ နောက်တစ်ခုက ပညာရေးလို့ဆိုတဲ့အခါမှာ ချင်းတိုင်းရင်းသားဆိုရင် ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေ၊ သူတို့ရဲ့ သမိုင်းကြောင်းတွေတို့ ပါဖို့တော့ လိုတယ်ပေါ့နော်။ သူတို့ရဲ့ တန်ဖိုးထားတဲ့ အရာတွေကို ပညာရေးကဏ္ဍတွေမှာပေါ့နော် ဖြစ်ပွားနေတဲ့ သူတို့ရဲ့ အခွင့်အရေးတွေ ပိုပြီးတော့ နည်းလာမယ်လို့ ထင်တယ်ပေါ့နော်။ သူတို့ရဲ့ အမျိုးသားရေးကဏ္ဍတွေပေါ့။ အဓိကတော့ ချင်းတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းနဲ့ ရိုးရာယဉ်ကျေးမှုတွေကတော့ ရက္ခိုင့်တပ်တော်က ဖော်ဆောင်မယ့် ပညာရေးမှာတော့ ကျောင်းသုံးစားအုပ်အနေနဲ့တော့ ဖော်ဆောင်ပေးဖို့ လိုအပ်မယ်ပေါ့နော်။ အဲဒါကတော့ လူမျိုးတိုင်းမှာတော့ တန်ဖိုးထားတဲ့အရာ ဖြစ်တယ်ပေါ့။ အဲဒါကို ပညာရေးမှာ ထားနိုင်ရင် ပိုကောင်းမယ်။ ဗမာအစိုးရ စစ်တပ်အုပ်ချုပ်ခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းတွေ၊ အခွင့်အရေးတွေကို ဖျောက်ဖျက်တဲ့ပုံစံမျိုး မလုပ်ဖို့ အဲဒီလိုပုံစံမျိုး မဖြစ်ရင် ပိုကောင်းမယ်ပေါ့နော်။ အဲဒီလိုမျိုးလုပ်ရင် ပလက်ဝမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းကို ထည့်နိုင်ရင် ပိုကောင်းမယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်။ ဒါဆိုရင် ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခု ဖြစ်သွားနိုင်တယ်ပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပညာရေးစနစ်အတွက် သင်ရိုးညွှန်းတန်း ရေးဆွဲနေတာက ကြာပြီဆိုပေမယ့် ဒီနှစ်မှာ အလုံးစုံ ပြီးမယ်လို့လည်း ပြောနေကြပါတယ်။

အာရက္ခတပ်တော်က ပလက်ဝဒေသတစ်ခုတည်းမဟုတ်ဘဲ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေဒေသအားလုံးမှာ ဖော်ဆောင်နိုင်ဖို့အတွက်ကို ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခပညာရေးစနစ်ကို ရက္ခိုင်ပြည်မှာ ဖော်ဆောင်တာက အဆင်ပြေပေမယ့်လည်း ချင်းတိုင်းရင်းသားတွေနေတဲ့ ပလက်ဝမြို့နယ်မှာ ဖော်ဆောင်နေတဲ့အပေါ် ချင်းတိုင်းရင်းသားတွေကတော့ သဘောမတွေ့ကြတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံးရဲ့ သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ပြီး သင်ကြားခွင့် ပေးထားတဲ့အတွက် အခုလိုမျိုး ချင်းဒေသမှာ ရက္ခိုင်ဘာသာကို အခြေခံတဲ့ အာရက္ခပညာရေးစနစ်က မလိုအပ်ဘူးလို့ ပလက်ဝဒေသခံတစ်ယောက် ပြောပါတယ်။

“ဒေသခံအနေနဲ့ အားလုံးကိုယ်စားတော့ မဟုတ်ဘူး။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် မြန်မာတပြည်လုံးမှာ ဗမာစာတော့ အကုန်လုံး ကျောင်းသင်ခန်းစာမှာ သင်တယ်။ နောက်ပြီးတော့ နိုင်ငံတော်ကနေ အရင်ကတည်းက ခွင့်ပြုထားတဲ့ တိုင်းရင်းသားဘာသာစကားဆိုတာ သင်ခွင့်ပေးတယ်။ ကျနော်တို့မှာက သင်ရိုးညွှန်းတမ်းလည်း ရှိတယ်။ အဲဒါတော့ ကျောင်းပြင်ပပေါ့။ အတန်းစာပြီးတဲ့အခါမှာ အစိုးရကိုယ်တိုင်က အဲဒီလို ပညာရေး လုပ်ပေးတာ ရှိတယ်။ တချို့ဆို အတန်းစာသင်ပေးရင်းနဲ့ သင်ပေးတာ ရှိတယ်။ အဲဒါလောက်ဆိုရင်တော့ ကျနော်တို့ အဆင်ပြေတယ်ပေါ့။ မြန်မာပြည်မှာနေရင်တော့ မြန်မာစာ၊ မြန်မာစကားတော့ တတ်သင့်တယ်။ ချင်းကလည်း ကိုယ့်လူဆိုတော့ ကိုယ့်ဒေသစကားလည်း တတ်သင့်တယ်။ ဒါပေမယ့် ကိုယ့်ဒေသလူတွေက စကားတော့ ရပေမယ့် စာတော့ နည်းနည်း သင်ရတာပေါ့။ ဆိုလိုတာက ကျောင်းသုံးမှာ အားလုံးကတော့ ဗမာလိုသုံး၊ အရင်လိုလည်း တိုင်းရင်းသားဘာသာစကား သင်ခွင့်ပေးထား အဲဒီလောက်နဲ့တော့ အဆင်ပြေတယ်။ ရက္ခိုင်က အဲဒီလောက်အထိ ကျနော်တို့အတွက် မလိုအပ်ဘူးလေ” လို့ ပြောပါတယ်။

လက်ရှိကာလက အဲဒီနယ်မြေတွေကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာပဲ ရှိနေပြီး တည်ငြိမ်တဲ့ အနေအထား မဟုတ်သေးတဲ့အတွက်ကြောင့် အချိန်စောသေးတယ်လို့လည်း ထောက်ပြထားကြပါတယ်။

လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်အတွင်းက မြို့နယ်တွေမှာ ဗမာစကားကို အခြေခံတဲ့ မြန်မာစာကို သင်ကြားနေပေမယ့်လည်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ အာရက္ခပညာရေးစနစ်ကို အစပျိုးနေကြပြီလို့လည်း သိရပါတယ်။

Related posts

သေနတ်သံများနဲ့ဆောက်ထားတဲ့ တိုင်းပြည်

Rakhita Times

ကျောက်ဖြူ တပ်ရင်း ၃၄ တွင် နယ်ခြားစောင့်တပ်နဲ့ စစ်တပ် ပူပေါင်း ခုခံနေ

Rakhita Times

CNDF ရဲဘော်တွေအတွက် ဒေါက်တာညိုထွန်းအောင် သူပုန်ဖြူစာအုပ် နဲ့ ငွေသားကူညီ

Rakhita Times

8 comments

hghjfjdoss_zfkr ဧပြီ 17, 2026 at 4:17 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
With its growth, hghjfjdossa is set to redefine many life components.

Reply
Stephencar ဇူလိုင် 17, 2026 at 5:36 ညနေ

Ежедневный обзор: https://detivmodnom.ru

Reply
AntonioDam ဇူလိုင် 18, 2026 at 5:04 မနက် Reply
TimothyKes ဇူလိုင် 18, 2026 at 5:06 ညနေ Reply
Emiliogem ဩဂုတ် 6, 2026 at 7:08 မနက်

Закажите G202 https://mismar74.ru/G202.html онлайн. Актуальные цены, наличие на складе, технические характеристики, выгодные условия покупки и быстрая доставка по всей России.

Reply
MatthewCrota ဩဂုတ် 7, 2026 at 10:23 မနက်

Пройдите комплексное лечение https://medprime-clinic.ru и диагностику в медицинском центре. Полный спектр обследований, консультации профильных специалистов, современные методы лечения, контроль состояния здоровья и индивидуальный подход на всех этапах медицинской помощи.

Reply

Leave a Comment