NewsPolitic

ကျောက်ဖြူတိုက်ပွဲမှာ မိမိတို့ စစ်သားတွေ ပို့ဆောင်နေက သတင်းမှားလို့ ALP ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၅)

ရက္ခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ Western News သတင်းဌာနက ဖော်ပြသလို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က တပ်ဖွဲ့ဝင်တွေကို ကျောက်ဖြူတိုက်ပွဲအတွင်းကို ပို့ဆောင်စေလွှတ်တယ်ဆိုခြင်းက သတင်းမှားသာ ဖြစ်တယ်လို့ ALP က ထုတ်ပြန်ပါတယ်။

မိမိတို့ တပ်ဖွဲ့ဝင်တွေကို ကျောက်ဖြူတိုက်ပွဲမှာ စေလွှတ်ခြင်း မရှိခဲ့ကြောင်း၊ စေလွှတ်ဖို့အတွက်လည်း ဆန္ဒမရှိသလို နောက်နောင်တွေမှာလည်း စေလွှတ်မှာမဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

အလားတူ စစ်ကောင်စီတပ်တွေကလည်း ALP တပ်ဖွဲ့ဝင်တွေကို ကျောက်ဖြူတိုက်ပွဲကို ပူးပေါင်းတိုက်ခိုက်ဖို့ဆိုပြီးတော့ ခေါ်ယူတာတွေလည်း မရှိဘူးလို့ လည်းဆိုထားပါတယ်။

ALP က Western News သတင်းဌာနကို မဟုတ်မမှန်သတင်းတွေကို ရေးသားနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီလိုရေးသားကာ ရာဇဝတ်မှုကျူးလွန်နေတာတွေကို မှတ်တမ်းတင်ထားတယ်လို့ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ Western News သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းမှာ ALP က တပ်ဖွဲ့ဝင်တွေဟာ ကျောက်ဖြူကိုပို့ဆောင်ခံနေရတဲ့ အတွက် တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးတိမ်းရှောင်နေကြတာရှိသလို ALP တပ်ဖွဲ့ဝင်တွေ ကျဆုံးမှု များပြားနေတယ်ဆိုတဲ့ သတင်းရေးသားမှု အပေါ် ALP က တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ALP အဖွဲ့ဟာ ငြိမ်းချမ်းတဲ့ နည်းလမ်း နဲ့ မြန်မာ နိုင်ငံရေးအပြောင်းအလဲကို အားသွန်ခွန်စိုက်ဆွေးနွေးနေတဲ့ EAO သာဖြစ်ပြီးတော့ ဘယ်အဖွဲ့အစည်းရဲ့ လက် အောက်မှာမှလည်း ရပ်နေတဲ့အဖွဲ့မဟုတ်ဘူးလို့ ALP က ငြင်းဆိုထားပါတယ်။

စစ်ကောင်စီ နဲ့ ALP ဟာ NCA လက်မှတ်ရေးထိုးထားသူအချင်းချင်းနားလည်မှု ရှိရှိ နဲ့ ဆက်ဆက်နေတာတွေသာ ရှိတဲ့ အဖွဲ့တွေ ဖြစ်ပြီးတော့ အဲဒီလို ဆက်ဆံနေမှုကို Western News သတင်းဌာန နဲ့ ရခိုင် Vloger တွေဟာ ALP ကို မလိုလားတဲ့အတွက် အကြံပက်စက်စွာ နဲ့ နိုင်ငံရေးလုပ်ကြံပြီးတော့ မဟုတ်မမှန် သတင်းတွေကို ရေးသားကာ သတင်းမှိုင်းတိုက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Western News သတင်းဌာနက ALP အပေါ်မှာ ဒီလိုမဟုတ်မမှန်လုပ်ကြံရေးသားတာတွေကို လုပ်ဆောင်နေတာတွေဟာ ကြိမ်ဖန်များစွာ ရှိနေပြီးတော့ ဒီလိုရေးသား တာတွေကို ရပ်တန့်ဖို့အတွက် ALP အနေ နဲ့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့်လည်း ရပ်တန့်မှုမရှိဘဲ လိမ်ညာဝါဒဖြန့်တာတွေကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ALP ကို မတရားလုပ်ကြံရေးသားနေတဲ့သူတွေ နဲ့ ပါတီဥက္ကဌ ဒေါ်စောမြရာဇာလင်းကို အိန္ဒြေပျက်စော်ကားတားတဲ့ လုပ်ရပ်တွေကို ALP အနေ နဲ့ သတိဖြင့် စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

Related posts

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

Rakhita Times

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို စာဖတ်အားအကောင်းဆုံးနဲ့ အတက်ကြွဆုံး တော်လှန်ရေးခေါင်းဆောင်လို့ အိန္ဒိယ‌ သတင်းထောက် ဆို

Rakhita Times

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၂ ဦး AA ထပ်မံ ဖမ်းဆီးရမိ

Rakhita Times

6 comments

Leave a Comment