HealthNewsPolitic

သွေးလွန်တုတ်ကွေးကြောင့် ၁ နှစ်ကျော်ကလေး အပါအဝင် ၃ ဦး သေဆုံး၊ ၁၅၅ ဦး ဆေးရုံတက် ကုသနေရ

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်တွင် ၂၀၂၆ ခုနှစ် ဒီကနေ့အထိ သွေးလွန်တုတ်ကွေးရောဂါကြောင့် ၁ နှစ်ကျော်ကလေးငယ် အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၅၅ ဦးအထိ ဆေးရုံတက် ကုသနေရတယ်လို့ သိရပါတယ်။

သွေးလွန်တုတ်ကွေးရောဂါကြောင့် ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်က အသက် ၁ နှစ်နဲ့ ၅ လ ကလေးငယ် တစ်ဦးဟာ ဇွန်လ ၁၈ ရက်က သေဆုံးခဲ့ပြီး ဇူလိုင်လ ၈ ရက်မှာတော့ မြောက်ဦးမြို့နယ် ဝေသာလီရပ်ကွက်က အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးနဲ့ ဇူလိုင်လ ၉ ရက်မှာတော့ အသက် ၃၆ နှစ်အရွယ် လူရွယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင်လ ၃၀ ရက်အထိ သွေးလွန်တုတ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူရသူ ၁၅၅ ဦး ရှိခဲ့တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်ကလည်း ရက္ခိုင်ပြည်တွင်‌ သွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးသူ ၈ ဦးနဲ့ ရောဂါဖြစ်ပွားသူ ၂၄၅၂ ဦး ရှိခဲ့ပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေဌာနက ပြည်သူများအနေနဲ့ သွေးလွန်တုတ်ကွေးရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ကုသမှုခံယူကြရန်၊ ကပ်ရောဂါပုံစံ ရောဂါဖြစ်ပွားမှုနဲ့ ကူးစက်ခံရရင် နီးစပ်ရာ မြို့နယ်ကျန်းမာရေးဌာန သို့မဟုတ် အုပ်ချုပ်ရေးဌာကတဆင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို သတင်းပေးပို့နိုင်သလို အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ @AHDCentralOffice Telegram Account ကို သတင်း ပေးပို့နိုင်တယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်တိုက်ပွဲရှောင်တွေကို နေရပ်ပြန်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား

Rakhita Times

သက်ငယ်မုဒိန်းအမှုတွေကို ပြတ်ပြတ်သားသား အရေးယူပေးရန် ရက္ခိုင်ပြည်သူတွေ တောင်းဆို

Rakhita Times

ငှက်ဖျားအဖြစ်များနေတဲ့ ရွာ ၃ ရွာနဲ့ စစ်ရှောင်စခန်း ၂ ခု ကို ULA မြေပြင်ဆင်း ကုသပေးနေ

Rakhita Times

46 comments

Leave a Comment