NewsPolitic

ကျောက်ဖြူမကျရေး စစ်ကော်မရှင် အသေခံဒရုန်းတွေနဲ့ပါ အသည်းအသန် ခုခံနေ

အာရက္ခတိုင်းမ်စ် (၁၄ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့ လက်မလွှတ်စေရေးအတွက် စစ်ကော်မရှင်အနေနဲ့ အသေခံဒရုန်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်တို့နဲ့ အသည်းအသန် ခုခံနေတယ်လို့ သိရပါတယ်။

“ ကုလဘာ၊ ပြိုင်စေ့ကေ၊ လိပ်ခမော် စတဲ့နေရာတွေကို လေယာဥ်၊ ဒရုန်း၊ အသေခံဒရုန်း အစုံသုံးပြီး ခုခံနေတယ်” လို့ ကျောက်ဖြူမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော်အနေနဲ့ တပ်ပြန်ဆုတ်ထားတယ်လို့လည်း သိရပါတယ်။

“ တပ်တော် ရှိတယ်ထင်လို့လား တမင်ကို ရည်ရွယ်ချက်ရှိရှိလားတော့ မသိဘူး။ ဒရုန်းကနေ တောက်လျောက်ဗုံးကြဲလို့ ရွာတွေတော့ ပျက်စီးကုန်ပြီ။ အပျက်စီးများတာကတော့ ကုလဘာတကြောနဲ့ ပျားတဲ တကြောပဲ” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ်က အမှတ် ၃၂ ရဲတပ်ရင်းကိုသာ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ရင် စစ်ကော်မရှင်တပ်သားတွေအနေနဲ့ ကျောက်ဖြူမြို့ထဲကသာ ခုခံရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်လို့ ကျောက်ဖြူဒေသခံတွေထံက သိရပါတယ်။

Related posts

ဘင်္ဂလား‌ဒေ့ရှ်မှာ ဆန္ဒပြတဲ့ ရက္ခိုင်မျိုးနွယ်စုဝင် ကျောင်းသားတွေကို အာဏာပိုင်တွေ ပစ်ခတ်ဖြိုခွင်း

Rakhita Times

လျှပ်စစ်မီး နဲ့ စက်သုံးဆီ အခက်အခဲကြောင့် ကျောက်ဖြူက မွေးမြူရေးလုပ်ငန်းတချို့ ရပ်နား

Rakhita Times

တောအရက်ကြောင့် သေဆုံးသူများလာလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ဆေးနေ

Rakhita Times

2 comments

Bbfvaleva ဧပြီ 30, 2026 at 9:13 ညနေ

online pharmacy discount code 2018 online pharmacies no prescription cheap viagra online pharmacy prescription

Reply
rent yacht montenegro 385 မေ 5, 2026 at 11:53 ညနေ Reply

Leave a Comment