NewsPolitic

ကျောက်ဖြူမကျရေး စစ်ကော်မရှင် အသေခံဒရုန်းတွေနဲ့ပါ အသည်းအသန် ခုခံနေ

အာရက္ခတိုင်းမ်စ် (၁၄ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့ လက်မလွှတ်စေရေးအတွက် စစ်ကော်မရှင်အနေနဲ့ အသေခံဒရုန်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်တို့နဲ့ အသည်းအသန် ခုခံနေတယ်လို့ သိရပါတယ်။

“ကုလဘာ၊ ပြိုင်စေ့ကေ၊ လိပ်ခမော် စတဲ့နေရာတွေကို လေယာဥ်၊ ဒရုန်း၊ အသေခံဒရုန်း အစုံသုံးပြီး ခုခံနေတယ်” လို့ ကျောက်ဖြူမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော်အနေနဲ့ တပ်ပြန်ဆုတ်ထားတယ်လို့လည်း သိရပါတယ်။

“တပ်တော် ရှိတယ်ထင်လို့လား တမင်ကို ရည်ရွယ်ချက်ရှိရှိလားတော့ မသိဘူး။ ဒရုန်းကနေ တောက်လျောက်ဗုံးကြဲလို့ ရွာတွေတော့ ပျက်စီးကုန်ပြီ။ အပျက်စီးများတာကတော့ ကုလဘာတကြောနဲ့ ပျားတဲ တကြောပဲ” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ်က အမှတ် ၃၂ ရဲတပ်ရင်းကိုသာ အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ရင် စစ်ကော်မရှင်တပ်သားတွေအနေနဲ့ ကျောက်ဖြူမြို့ထဲကသာ ခုခံရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်လို့ ကျောက်ဖြူဒေသခံတွေထံက သိရပါတယ်။

Related posts

လက်တွဲခေါ်ဆောင်ပေးလို့ AA ကို ကျေးဇူးတင်ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ပြော

Rakhita Times

အစိုးရသစ်က ဒေါ်စုကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပြုမယ်လို့ မထင်

Rakhita Times

ခရစ်ယာန် နယ်စီးသာသနာပိုင်ကြီး ကွယ်လွန်ခြင်းအပေါ် AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

58 comments

Leave a Comment