NewsPolitic

ရွေးကောက်ပွဲအောင်မြင်မှ နိုင်ငံအနာဂတ်လှပမယ်လို့ ဒေါက်တာအေးမောင်ပြော

အာရက္ခတိုင်းမ်စ် (၁၄ ဩဂုတ် ၂၀၂၅)

စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲ အောင်မြင်မှ နိုင်ငံအနာဂတ် လှပမယ်လို့ ဒေါက်တာအေးမောင်က ဒီကနေ့ပြုလုပ်တဲ့ နိုင်ငံရေးပါတီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့ဟာ ရန်ကုန်မြို့ စကိုင်းစတားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျော်ဖြတ်ဖို့လိုပြီး ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ လိုတယ်” လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က စစ်ကောင်မရှင်နဲ့ မီဒီယာတခုကို ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေတွေ ပြဌာန်းထားတဲ့အတွက် ရွေးကောက်ပွဲဟာ ပဋိပက္ခတခုကို ချုပ်ငြိမ်းသွားနိုင်တဲ့အထိ ဦးဆောင်သွားနိုင်တယ်လို့လည်း ဒေါက်တာအေးမောင်က ဆိုပါတယ်။

စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲတွင် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) နဲ့ အချိုးကျ ကိုယ်စားပြုစနစ် (PR) နှစ်ခုလုံးကို အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

Related posts

ပလက်ဝက မီးလောင်သွားတဲ့ အိမ်ထောင်စုတွေကို HDCO အရေးပေါ် ပစ္စည်း ထောက်ပံ့

Rakhita Times

ကျောက်ဖြူ ချောင်းမြောင်တွင် တိုက်ပွဲပြင်းထန်နေ

Rakhita Times

ငသိုင်းချောင်း အမြောက်တပ်ကို AA ထိုးစစ်ဆင်

Rakhita Times

4 comments

Leave a Comment