NewsPolitic

ပန်းနီလာစစ်ရှောင်စခန်းကို ဂျက်နှစ်စီးနဲ့ လာရောက် တိုက်ခိုက်(Breaking News)

အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က ပန်းနီလာစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၁၀ နာရီခန့် အချိန်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“၄ ကြိမ်လောက်ကို လာချတာ။ အားလုံး ၆ လုံးလောက် ပေါက်ကွဲသံ ကြားရတယ်။ အသေအပျောက် အထိအခိုက်တော့ မသိ‌သေး” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုနဲ့ ယိုးငူကျေးရွာကြားရှိ ယိုးငူ၊ ဗျာလ စစ်ဘေးရှောင်စခန်းကိုလည်း အောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့် နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်များနဲ့ ဈေးဆိုင်အများအပြား ပျက်စီး မီးလောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ဘေးရှောင် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်အနေနဲ့ အသေးစိတ် သတင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Related posts

■ ထရမ့်ဂယက်နဲ့ ကမ္ဘာ့အစီအစဉ်သစ်

Rakhita Times

ကျောက်ဖြူ စစ်ရှောင်အမျိုးသမီးအတွက် လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံများ လိုအပ်

Rakhita Times

ကျောက်တော်ဈေး လေကြောင်းတိုက်ခိုက်မှု EU ရှုတ်ချ

Rakhita Times

Leave a Comment