NewsPolitic

ထွက်ပြေးသွားတဲ့ ARSA တပ်ဖွဲ့ဝင် ၂ ဦးက UNICEF တံဆိပ်ပါ ကျောပိုးအိတ် နဲ့ လက်နက်ခဲယမ်း အချို့ထားခဲ့

အာရက္ခတိုင်းမ်စ် (၁၉ သြဂုတ် ၂၀၂၅)

အာရက္ခတပ်တော်က ကင်းလှည့်နေစဥ် ARSA တပ်ဖွဲ့ဝင် ၂ ဦးနဲ့ တွေရှိခဲ့ရာ ARSA တပ်ဖွဲ့ဝင် ၂ ဦး ထွက်ပြေးသွားပြီး UNICEF တံဆိပ်ပါ ကျောပိုးအိတ် နဲ့ လက်နက်ခဲယမ်း အချို့ထားခဲ့တယ်လို့ သိရပါတယ်။

“ တပ်တော်က သြဂုတ်လ ၁၇ ရက် ည ၈ နာရီလောက်မှာ မောင်တောမြောက်ပိုင်းမှာ ကင်းလှည့်နေတာ။ အဲဒီအချိန်မှာ ARSA တပ်ဖွဲ့ဝင် ၂ ဦး နဲ့ ထိပ်တိုက်တွေတာ။ တွေ့တော့ ARSA တပ်ဖွဲ့ဝင် ၂ ဦး ထွက်ပြေးတာမှာ သူတို့နဲ့ အတူပါလာတဲ့ UNICEF တံဆိပ်ပါ ကျောပိုးအိတ် နဲ့ လက်နက်ခဲယမ်းတွေ ထားခဲ့တာ” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မောင်တောမြို့နယ်တွင် ARSA တပ်ဖွဲ့ဝင်များဟာ ဒေသခံများကို ခြုံခိုတိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ရှိနေလို့ လုံခြုံရေးအရ စိုးရိမ်မှုများ ရှိနေတယ်လို့ ဒေသခံများက ဆိုပါတယ်။

လက်ရှိတွင် မောင်တောမြို့နယ်ကို အာရက္ခတပ်တော် က သိမ်းပိုက် ထိန်းချုပ်ထားသော်လည်း ARSA တပ်ဖွဲ့ဝင်များဟာ ဒေသခံများကို တိုက်ခိုက်တာအပြင် AA နဲ့လည်း တိုက်ပွဲဖြစ်ပွားမှု မကြာခဏ ရှိနေပါ။

Related posts

နတ်မောက်တွင် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးဟာ AA နဲ့ ပတ်သက်တယ်လို့ သမ္မတသစ် စတင်ဝါဒဖြန့်

Rakhita Times

သာပေါင်းတိုက်ပွဲကြောင့် စစ်ဆေးခံနေရတဲ့ စကမ အရာရှိတွေဟာ တပ်ရင်းမှူးနဲ့ စစ်ဗျူဟာမှူး ဖြစ်နေ

Rakhita Times

စစ်တွေက ရွာလုံးကျွတ် နှင်ထုတ်ထားတဲ့ အိမ်တွေကို ခိုးယူရောင်စား၊ စစ်ကောင်စီက မျက်ကွယ်ပြုထား

Rakhita Times

1 comment

rent yacht montenegro 890 မေ 5, 2026 at 10:37 ညနေ Reply

Leave a Comment