HealthNewsPolitic

စစ်တွေဆေးရုံမှာ ဆေးမလုံလောက်တဲ့အတွက် တန်းစီစနစ်နဲ့သာ ခွဲစိတ်မှုလုပ်ပေး

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၅ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်က ဆေးရုံမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် တန်းစီစနစ်နဲ့သာ ခွဲစိတ်ကုသမှု ပြုလုပ်ပေးနေကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဒါကြောင့် ခွဲစိတ်ကုသမှုခံယူရမယ့် လူနာရဲ့ အခြေအနေအပေါ်မူတည်ကာ ဆေးရုံတက်ခိုင်းပြီး သက်သာအောင် ဆေးပေးကုသပေးထားကာ ခွဲစိတ်ဖို့ အလှည့်ကျရောက်မှသာ ခွဲစိတ်ပေးကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ပြီးရင် အခုလက်ရှိ ဆေးရုံမှာ ခွဲစိတ်ကုသမယ့် လူနာကို အရေးပေါ်ဖြစ်နေပေမယ့်လည်း သူ့အရှေ့က စီနီယာရှိနေတော့ စီနီယာကို ဦးစားပေးရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ operation case ထဲမှာ ဆေးလုံလောက်မှု မရှိလို့ပေါ့နော်။ အဲဒီတော့ ဆေးရုံတက်ပြီး ဆရာဝန်တွေ အနားမှာထားပြီး ဆေးကုသမှု ခံယူပေးနေတယ်ပေါ့။ ခွဲတော့ မခွဲရသေးဘူးပေါ့။ ဒါပေမယ့် အရေးပေါ်လာရင် ခွဲလို့ရအောင်ဆိုပြီးတော့ ဆေးကုသပြီးတော့ ဒဏ်ရာနည်းနည်း သက်သာအောင်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆေးကုသပြီးတော့ ထားတာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေမြို့မှာ ဆေးဝါးလုံလောက်မှု မရှိသလို ဆေးတွေရဲ့ ဈေးနှုန်းဟာလည်း အရင်ကထက် ၃ ဆခန့် မြင့်တက်နေမှုကို ဒေသခံပြည်သူတွေဟာ ခံစားနေကြရတာပါ။

ဒါကြောင့် ပုံမှန်သောက်နေကြဆေးထက် အာနိသင်တူပြီး ဈေးသက်သာတဲ့ ဈေးတွေကို ပြောင်းလဲ ရွေးချယ် သောက်သုံးလာကြရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ဒါပေမယ့်လည်း မဖြစ်မနေ အရေးပေါ်ခွဲစိတ်ရမယ့် လူနာဖြစ်ပါက ဆေးရုံဘက်မှ အဆင်ပြေအောင် လုပ်ပေးကြောင်းလည်း သူက ပြောပါတယ်။

“စီနီယာအလိုက်ဆိုတာ အဲဒီလို ဆေးသွင်းပြီးတော့ သက်သာအောင် ခဏထားတာ‌လေ။ စီနီယာအလိုက်ဆိုတာ ဒီအပတ်မှာ တနင်္လာနေ့ကို ခွဲစိတ်မယ်။ တနင်္လာနေ့ ခွဲစိတ်ဖို့ ၂ ယောက်လား။ ၄ ယောက်လား အဲဒီလို ခွဲစိတ်ဖို့ လုပ်ထားပြီးပြီ။ အဲဒီကြားထဲမှာ မဖြစ်မနေ အရေးပေါ်လာလို့ရှိရင်တော့ သူတို့ အဆင်ပြေအောင် လုပ်ပေးတယ်” လို့ သူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က လေကြောင်းလိုင်းကလွဲပြီး ကျန်လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်ပင်ထားတာဟာ လာမယ့် နိုဝင်ဘာလမှာ ၂ နှစ်ပြည့်ပြီဖြစ်ကာ ရေကြောင်းလမ်းကနေ သင်္ဘောနဲ့ တင်ပို့လာတဲ့ ကုန်တွေကိုပဲ ဒေသခံလူထုတွေက စောင့်မျှော် စားသုံးနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အလုပ်အကိုင်တွေ ရှားပါးလွန်းတဲ့ကြားမှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုတွေကြောင့်ပဲ သူခိုးတွေ ပိုမိုပေါများလာတယ်လို့လည်း သိရပါတယ်။

Related posts

မာန်အောင်မှာ ဆေးဝါး ‌ဈေးအဆမတန်မြင့်မားတဲ့အပြင် ဆေးဝါးရှားပါးနေ

Rakhita Times

မင်းတုန်း ရက္ခိုင် ကုန်ပို့တဲ့လမ်းပေါ် စကမ ဗုံးကြဲ၊ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံး(Breaking News)

Rakhita Times

လေးမျက်နှာတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

1 comment

rent yacht montenegro 121 မေ 5, 2026 at 12:22 ညနေ

Montenegro yacht charter Montenegro yacht rental

Reply

Leave a Comment