NewsPolitic

ဧရာဝတီတိုက်ပွဲ လေးမျက်နှာမြို့ထိ ရောက်လာ

အာရက္ခတိုင်းမ်စ် (၂၉ သြဂုတ် ၂၀၂၅)

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေဟာ လေးမျက်နှာမြို့နားအထိ ရောက်ရှိလာနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၇ ရက်နေ့က လေးမျက်နှာမြို့နားက ယင်းဆယ်ကျေးရွာကို ဒရုန်းဗုံး ၂ လုံးကျလို့ ဒေသခံပြည်သူတွေ ၁၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်” လို့ လေးမျက်နှာမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နားက ယင်းဆယ်ကျေးရွာအနီးတွင် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေ ရှိမယ်အထင်နဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ဒရုန်းက စာသင်ကျောင်းနားကို ကျတာ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေ ဒဏ်ရာရသွားတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိပဲ အခုလို ဗုံးချလို့ ဒေသခံတွေ စိုးရိမ်နေကြတယ်” လို့ သူက ထပ်မံပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူအချို့ အိုင်သပြုဆေးရုံမှာ သွားရောက် ဆေးကုသနေတယ်လို့လည်း သိရပါတယ်။

လက်ရှိတွင် ဒရုန်းဗုံးကျရောက်ခဲ့တဲ့ ယင်းဆယ်ကျေးရွာကို စစ်ကော်မရှင်တပ်သားတွေ ယာယီစခန်းပြုလုပ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

Related posts

စစ်ကောင်စီရဲ့ မိုင်းကြောင့် ထိခိုက်သူ နေ့စဉ်ရှိနေ

Rakhita Times

မင်းပြားတွင် ဘောလုံးပွဲက ပြန်လာတဲ့ ဘုတ် နစ်မြုပ်လို့ ကလေးအပါအဝင် အမျိုးသား ၉ ဦး သေဆုံး

Rakhita Times

သံတွဲနဲ့ တောင်ကုတ်တွင်လည်း နီပါးရ် အသိပညာပေးတွေ လုပ်ဆောင်နေ

Rakhita Times

200 comments

Leave a Comment