NewsPolitic

လက်နက်ကြီးကျည် ထိမှန်ခဲ့တဲ့ မိုးစဲကျွန်းမက ၁၀ နှစ် အရွယ် ကလေးငယ်သေဆုံး

အာရက္ခတိုင်းမ်စ် (၃၀ စက်တင်ဘာ ၂၀၂၅)

စစ်တွေမြို့ရှိ စစ်ကော်မရှင်က ပစ်ခတ်လို့ လက်နက်ကြီး ကျည်စ ထိမှန်ခဲ့တဲ့ မိုးစဲကျွန်းနေ ၁၀ နှစ်အရွယ် ကလေးငယ်မှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်မှာ မိုးစဲကျွန်းရှိ ဆားပြင်ကြီးကျေးရွာကနေ ကြက်ရိုးဆိပ်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ဦးခင်သိန်းမောင်နဲ့ ဒေါ်လှဝင်းသိန်းတို့ရဲ့သား (၁၀) နှစ်အရွယ် (၄) တန်းကျောင်းသား မောင်ခိုင်မျိုးခန့်ဖြစ်ပါတယ်။

သူဟာ ဆေးကုသမှု ခံယူနေစဉ် မနေ့ ညနေ ၁၁ နာရီခွဲအချိန်မှာ သေဆုံးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ဆေးကုသမှု ခံယူနေရင်း ဆုံးသွားတာပါ။ မနေ့က ဆုံးသွားပါတယ်” လို့ ပြောပါတယ်။

မနေ့က စစ်တွေမြို့ရှိ စစ်ကော်မရှင်တပ်က ကြက်ရိုးဆိပ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီလို့ ပစ်ခတ်တဲ့အတွက် နောက်ထပ်လည်း ဒဏ်ရာရရှိသူ ၄ ဦး ရှိနေပြီ ဒေသခံတွေလည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကော်မရှင်လေတပ်ဟာ မနေ့က ပလက်ဝမြို့ကိုလည်း ဗုံးကြဲခဲ့တဲ့အတွက် အမျိုးသမီးနှစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ကလည်း သံတွဲမြို့ကို ဗုံးကြဲခဲ့တဲ့အတွက် အရပ်သား တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။

Related posts

ရက္ခိုင်စစ်ပွဲရပ်ဖို့ ပြောဆိုမှု စစ်ကောင်စီ လက်မခံ၍ ဂျပန်နောက်ဆုတ်သွားဟု ပြော

Rakhita Times

စောမဲကျီဖောင်ဒေးရှင်းမှ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို သိန်း ၁၀၀၀ လှူဒါန်း

Rakhita Times

ရက္ခိုင်ပြည်သူကို သတ်ဖြတ်နေတဲ့ စကမက စစ်တွေမြို့ နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်ပြုလုပ်ရန် စီစဉ်နေတာဟာ နိုင်ငံရေးလှည့်ကွက်ဖြစ်

Rakhita Times

182 comments

Leave a Comment